DVB Logo
Home
နိုင်ငံတကာ
ဆန်စျေး ဆက်တက်နေသဖြင့် အရန်ဆန်များ ထုတ်ရောင်းရန် ဂျပန်အစိုးရ စဉ်းစား
DVB
·
February 11, 2025
ဆန်စျေး ဆက်တက်နေသဖြင့် အရန်ဆန်များ ထုတ်ရောင်းရန် ဂျပန်အစိုးရ စဉ်းစား
Donate to DVB

ဂျပန်အစိုးရဟာ ဆန်ဈေးနှုန်း ဆက်တိုက်မြင့်တက်မှုကို ဖြေရှင်းဖို့ အရန်ဆန်တွေကို စောစောစီးစီး ထုတ်ရောင်းဖို့ စဉ်းစားနေတယ်လို့ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန အကြီးအကဲ တာ့ခု အဲတိုက ပြောပါတယ်။

တဲအိခိုခု ဒေတာဘဏ်ကနေ ထုတ်ပြန်တဲ့ စစ်တမ်းထဲမှာ ဂျပန်နိုင်ငံထဲက အဓိက စားသောက်ကုန် ထုတ်လုပ်သူ ၁၉၅ ယောက်ကို မကြာသေးမီက ဖော်ပြခဲ့ပြီး ဇန်နဝါရီလက အလားတူ လမ်းကြောင်းအတိုင်း စားသောက်ကုန် ၁,၆၅၆ မျိုးဟာ ဖေဖော်ဝါရီလထဲမှာ ဈေးနှုန်းတွေ မြင့်တက်လာမယ်လို့ မကြာသေးမီက ဖော်ပြခဲ့ပါတယ်။

ဆန်ဈေးနှုန်းတွေ ဆက်ပြီးမြင့်တက်နေလို့ ဆက်စပ်စားသောက်ကုန်တွေလည်း ဈေးနှုန်းတက်သွားနိုင်ပြီး နွေရာသီအထိ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ သုတေသနကုမ္ပဏီက သတိပေးထားပါတယ်။

ဥပမာအားဖြင့် ချိဘ စီရင်စုကထွက်တဲ့ ပဲမျိုးစုံကို အခု တကီလိုအတွက် ယန်း ၇၆၀ (အမေရိကန် ဒေါ်လာ ၅ ဒေါ်လာခန့်) လောက်နဲ့ ရောင်းချနေပြီး မနှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်း နှစ်ဆ တက်လာခဲ့ပါတယ်။

ဆန်ဈေးနှုန်း မြင့်တက်မှုကို တားဆီးဖို့ သိုလှောင်ထားတဲ့ အရန်ဆန်တွေကို အလျင်အမြန် ထုတ်ရောင်းဖို့ ဂျပန်အစိုးရက စီစဉ်နေပြီး အရေအတွက်နဲ့ ဈေးနှုန်းအသေးစိတ်ကို လာမယ့် သီတင်းပတ် အစောပိုင်းမှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။

တကယ်လို့ ဒီလုပ်ဆောင်ချက်ကို အကောင်အထည်ဖော်ရင် ဖြန့်ဖြူးရေး ပြတ်တောက်မှု လျော့ပါးစေဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံရဲ့ အရန်ဆန်ကို ပထမဆုံး ထုတ်ရောင်းတာဖြစ်ပြီး ဈေးနှုန်းတွေ ကျဆင်းသွားနိုင်ပါတယ်။

စပါးအသစ်တွေ ဈေးကွက်ထဲ ဝင်လာတာနဲ့အမျှ ဈေးနှုန်းတွေ တဖြည်းဖြည်း တည်ငြိမ်လာမယ်လို့ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက သတိပေးထားပါတယ်။

မနှစ်က ဆန်သစ်တန်ချိန် ၁၈၀,၀၀၀ လောက် အထွက်တိုးလာပေမဲ့ ဈေးနှုန်းတွေ ဆက်တက်နေလို့ လူထုက မကျေမနပ် ဖြစ်နေတာပါ။

ဖြန့်ဖြူးရေးလမ်းကြောင်းတွေအတွင်း သိုလှောင်ထားတာ ဖြစ်နိုင်တယ်လို့ ဝန်ကြီးဌာနက သံသယရှိနေကြပြီး ရပ်တည်ချက်ကို ပြုပြင်ပြောင်းလဲရင်း အခု အစိုးရအရန်ဆန်တွေ ထုတ်ရောင်းဖို့ စီစဉ်နေတာလို့ ဂျပန်မီဒီယာတွေက ဖော်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013