DVB Logo
Home
နိုင်ငံတကာ
ထိုင်းပြည်သူ သန်းနှင့်ချီ အွန်လိုင်း ငွေလိမ်ခံနေရ
DVB
·
February 11, 2025
ထိုင်းပြည်သူ သန်းနှင့်ချီ အွန်လိုင်း ငွေလိမ်ခံနေရ
Donate to DVB

သန်းနဲ့ချီတဲ့ ထိုင်းနိုင်ငံသားတွေဟာ အွန်လိုင်းငွေလိမ်လည်မှုတွေရဲ့ သားကောင်တွေဖြစ် ခဲ့ရတဲ့အ ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်က ဖော်ပြပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ် ချူလာလောင်ကွန်တက္ကသိုလ် စစ်တမ်းတခုကို ကိုးကားဖော်ပြလိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံသား ၃၆ သန်းက အွန်လိုင်းလိမ်လည်မှုတွေမှာ ပစ်မှတ်ထားခံရကာ အဲဒီထဲက ထက်ဝက်လောက်က သားကောင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက ၂၀၂၅ ခုနှစ်ကို ပိုမိုလုံခြုံသောအင်တာနက်နေ့အဖြစ် သတ်မှတ်ပြီး အထူးသဖြင့် ကလေးသူငယ်တွေ၊ လူငယ်တွေအတွက် အွန်လိုင်းဘေးကင်းလုံခြုံမှု အရေးတကြီး လိုအပ်တဲ့အကြောင်း မီးမောင်းထိုးပြနေချိန်မှာ စိုးရိမ်ဖွယ်ကိန်းဂဏန်းတွေကို ထုတ်ဖော် ပြသခဲ့တာပါ။

ချူလာလောင်ကွန်တက္ကသိုလ်မှာ ကျင်းပတဲ့ Safer Internet Day Thailand 2025 (SIDTH 2025) အခမ်းအနားမှာ ဒီကိန်းဂဏန်းအချက်အလက်တွေကို တင်ပြခဲ့တာဖြစ်ပြီး ထိုင်းကျန်းမာရေး မြှင့်တင်ရေးဖောင်ဒေးရှင်း (ThaiHealth) နဲ့ ထိုင်းဖွံ့ဖြိုးတိုးတက် ရေးအင်တာနက်ဖောင်ဒေးရှင်း၊ ထိုင်းနိုင်ငံ UNICEF Thailand နဲ့ မိတ်ဖက်အဖွဲ့အစည်း ၅၀ ပူးပေါင်းစီစဉ်တဲ့ ဒီအခမ်းအနားက အွန်လိုင်းဘေးကင်းလုံခြုံရေးနဲ့ အားလုံးအတွက် လုံခြုံသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ThaiHealth အဖွဲ့ရဲ့ မန်နေဂျာ ဒေါက်တာ ဖွန်ထက် ဝေါင်ဝတ်ချရာ ပိုင်ဘွန်က ထိုင်း လူနေမှုဘ၀မှာ အင်တာနက် လွှမ်းမိုးမှု ကြီးထွားလာနေတာကို မီးမောင်းထိုးပြခဲ့ပြီး ထိုးဖောက်ဝင်ရောက်မှု ၈၈ ရာခိုင်နှုန်းအထိ ရှိလာကာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ၃ ဆ တိုး လာခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အွန်လိုင်းလောကကို အန္တရာယ်ကင်းကင်း၊ တာဝန်ယူတာဝန်ခံမှုရှိရှိ အသုံးပြုနိုင်စေဖို့ ဒစ်ဂျစ်တယ် တတ်မြောက်ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးတွေ အရေးတကြီး လိုအပ်တဲ့အကြောင်းလည်း သူက အလေးပေးပြောကြားခဲ့တာပါ။

“ThaiHealth အနေနဲ့ မီဒီယာကျွမ်းကျင်တတ်မြောက်မှုကို မြှင့်တင်ဖို့နဲ့ ပြည်သူတွေကို မီဒီယာအသုံးပြု တီထွင်ဖန်တီးနိုင်စေရေး စွမ်းဆောင်ပေးနိုင်ဖို့ ကတိပြုပါတယ်။ ကျနော်တို့ အသက်အရွယ်အုပ်စုအားလုံးမှာ ဒစ်ဂျစ်တယ်တတ်မြောက်ကျွမ်းကျင်မှုကို မြှင့်တင်ဖို့၊ ပူးပေါင်းဆောင်ရွက်သော မီဒီယာစောင့်ကြည့်လေ့လာမှု မြှင့်တင်ဖို့၊ အသိပညာမျှဝေမှု မြှင့်တင်ဖို့နဲ့ ဟန်ချက်ညီပြီး ရေရှည်တည်တံ့သော မီဒီယာဂေဟစနစ်ကို ဖန်တီးဖို့ မူဝါဒအပြောင်းအလဲတွေအတွက် ထောက်ခံအားပေးဖို့ လုပ်ဆောင်နေပါတယ်။" 

ဒါ့အပြင် UNICEF Thailand ရဲ့ ဒါရိုက်တာ ချောင်ဆန်း ကင်မ်ကလည်း ကလေးသူငယ်တွေကို အွန်လိုင်းခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်ဖို့ အစိုးရယန္တရားတွေ အားကောင်းဖို့ အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သလို ခိုင်မာတဲ့ မူဝါဒနဲ့ ဥပဒေတွေ၊ ဒီဂျစ်တယ်ပလက်ဖောင်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တာ၊ ကလေးတွေနဲ့ မိသားစုတွေကြား အွန်လိုင်းဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာပေးမှုကို တိုးမြှင့်လုပ်ဆောင်ပေးဖို့ နှိုးဆော်လိုက်ပါတယ်။

ထိုင်းဖွံ့ဖြိုးတိုးတက်ရေး အင်တာနက်ဖောင်ဒေးရှင်းရဲ့ မန်နေဂျင်းဒါရိုက်တာ ဆီရိဒါ ထန်ထား အာထိပန်နစ်ကတော့ အွန်လိုင်းပေါ်ကတဆင့် ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေနဲ့ အလွဲသုံးစားပြုမှုတွေ ပြင်းထန်လာတာတွေကို မီးမောင်းထိုးပြခဲ့ပြီး ကြိုတင်ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ၊ ထိရောက်တဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် အရေးတကြီးလိုအပ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူက အွန်လိုင်းလောင်းကစား၊ အီး-စီးကရက်နဲ့ ကောလ်စင်တာ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း  စိုးရိမ်တဲ့အကြောင်း ပြောလိုက်တာပါ။

ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက် အချိန်နှစ်ရက်ကြာ ကျင်းပတဲ့ SIDTH 2025  အခမ်းအနားကတော့ သက်ဆိုင်သူတွေ ပူးပေါင်းကာ အွန်လိုင်းဘေးကင်းလုံခြုံရေး စိန် ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ဖို့ ပလက်ဖောင်းတခုအဖြစ် ဆောင်ရွက်ပေးမှာဖြစ်ကာ တက်ရောက်သူ ၁ သိန်းကျော် ရှိမယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းထားပါတယ်။

Source: The Nation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013