DVB Logo
Home
နိုင်ငံတကာ
သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်ဟု ထရမ့်ပ်ပြော
DVB
·
February 11, 2025
သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်ဟု ထရမ့်ပ်ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်နိုင်ငံဆီ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မယ်လို့ ဖေဖော်ဝါရီ ၉ ရက်မှာ ပြောလိုက်ပါတယ်။

ကုန်သွယ်ရေးမူဝါဒကို ပြုပြင်ပြောင်းလဲရာမှာ ကြီးကြီးမားမား အခွန်တိုးကောက်တာလည်း ဖြစ်ပါတယ်။

ထရမ့်ပ်က သူ့ရဲ့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ စကားပြောရာမှာ ခုလို ပြောလိုက်တာပါ။

အင်္ဂါနေ့ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့မှာ အပြန်အလှန် စည်းကြပ်ခွန်တွေကို ကြေညာမှာဖြစ်ပြီး ချက်ချင်းနီးပါး အသက်ဝင်မယ်လို့လည်း သူက ပြောပါတယ်။

ထရမ့်ပ်ဟာ သူ့ရဲ့ ပထမသက်တမ်းအတွင်း သံမဏိအပေါ် ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံအပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန်တွေ ချမှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကနေဒါ၊ မက္ကဆီကို၊ EU နဲ့ ဗြိတိန် အပါအဝင် ကုန်သွယ်ဘက် အများအပြားကို အခွန်လွတ်ခွဲတမ်းအဖြစ် ခွင့်ပြုခဲ့ပါတယ်။

ဂျာမနီအဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်က ဥရောပသံမဏိလုပ်ငန်းအတွင်း ဥရောပသံမဏိ ကော်ပိုရေးရှင်းကို အမေရိကန်က အခွန်စည်းကြပ်မယ့် အလားအလာကနေ ကာကွယ်ဖို့ လိုတယ်လို့ ရှေးရိုးစွဲပြိုင်ဘက် ဖရီးဒရစ်ချ် မားဇ်နဲ့ ရွေးကောက်ပွဲအကြို စကားစစ်ထိုးနေချိန် ဖေဖော်ဝါရီ ၄ ရက်မှာ ပြောခဲ့ပါတယ်။

အမေရိကန်က ဥရောပသမဂ္ဂအပေါ် အခွန်စည်းကြပ်မယ်ဆိုရင် ဥရောပက တနာရီအတွင်း တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့လည်း ရှို့လ်ဇ်က ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013