DVB Logo
Home
နိုင်ငံတကာ
အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့က EU ဓာတ်အားလိုင်းစနစ် ပြောင်းလဲတပ်ဆင်
DVB
·
February 10, 2025
အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့က EU ဓာတ်အားလိုင်းစနစ် ပြောင်းလဲတပ်ဆင်
Donate to DVB

စွမ်းအင်မူဝါဒဟာ လုံခြုံရေးမူဝါဒလည်း ဖြစ်တယ်ဆိုတာ သံသယမရှိပါဘူးလို့ စွမ်းအင်နဲ့ အိမ်ရာဆိုင်ရာ ဥရောပ ကော်မရှင်နာမင်းကြီး ဒန် ဂျိုဂံဆံက လစ်သူယေးနီးယားနိုင်ငံရဲ့ မြို့တော် ဗေးလ်နီးယပ်စ်မြို့မှာ မီဒီယာတွေကို ပြောလိုက်ပါတယ်။

ဘောလ်တစ်နိုင်ငံတွေဖြစ်တဲ့ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့ဟာ ရုရှားရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကနေ ဥရောပသမဂ္ဂ (EU) ရဲ့ လျှပ်စစ်ဓာတ်အားလိုင်းစနစ်ဆီ ပြောင်းလဲ တပ်ဆင်တဲ့ လုပ်ငန်းတွေ ဖေဖော်ဝါရီ ၉ ရက်မှာ ပြီးစီးခဲ့ပါတယ်။

ပင်လယ်အောက် ကေဘယ်လ်ကြိုးတွေနဲ့ ပိုက်လိုင်းအများအပြား ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ သံသယရှိအပြီးမှာ ဆိုဗီယက်ခေတ် ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပါတယ်။

ဒီနေ့ဟာ ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံအတွက်သာမက ဥရောပတခုလုံးရဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့နေ့ ဖြစ်တယ်လို့လည်း ဒန် ဂျိုဂံဆံက ပြောခဲ့ပါတယ်။

ဘောလ်တစ်ပင်လယ်နဲ့ ဆွီဒင်၊ ဖင်လန်နိုင်ငံတို့ကြား ဓာတ်အားကြိုး၊ တယ်လီကွန်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ပြတ်တောက်ပြီးတဲ့နောက် ဘောလ်တစ်ပင်လယ်ဒေသဟာ မြင့်မားတဲ့ သတိပေးချက်တခု ဖြစ်လာခဲ့တာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက် ပင်လယ်ကြမ်းပြင်တလျှောက် ကျောက်ဆူးဆွဲသင်္ဘောတွေနဲ့ ဆွဲငင်လို့ ဖြစ်ရတာလို့ ယူဆကြပါတယ်။

ရုရှားကတော့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ အခြေခံအဆောက်အအုံသစ်ရဲ့ လုံခြုံရေးကို ဂရုစိုက်ခြင်းဟာ သင့်လျော်တဲ့ဘဏ္ဍာငွေနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ၊ အပိုငွေရှာဖွေခြင်းဆိုင်ရာ ဆွေးနွေးမှုတွေ လိုအပ်မယ်လို့ ကာကွယ်ရေးနဲ့ အာကာသဆိုင်ရာ ဥရောပကော်မရှင်နာ အန်ဒရုစ် ခူးဘိလုစ်က ပြောပါတယ်။

IPS/UPS မဟာဓာတ်အားလိုင်းဟာ ဆိုဗီယက်ယူနီယံပြိုလဲချိန် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းမှာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ပြန်လည်ပေါ်ပေါက်လာခဲ့တဲ့ သုံးနိုင်ငံအတွက် ရုရှားနဲ့ နောက်ဆုံးလက်ကျန် ချိတ်ဆက်မှုပါ။

အဲဒီ ၃ နိုင်ငံဟာ ၂၀၀၄ ခုနှစ်မှာ ဥရောပသမဂ္ဂနဲ့ NATO အဖွဲ့ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013