DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမှ ပညာရေးဝန်ထမ်းများ စစ်သင်တန်းတက်ရမည်
DVB
·
February 10, 2025
တောင်ကြီးမှ ပညာရေးဝန်ထမ်းများ စစ်သင်တန်းတက်ရမည်
Donate to DVB

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ပညာရေးဝန်ထမ်းတွေ သင်္ကြန်ပြီးပါက တလတာ စစ်သင်တန်းတက်ရမယ်လို့ အဆိုပါဝန်ထမ်းတွေဆီက သိရပါတယ်။

လာမယ့်ဧပြီလမှာ တောင်ကြီးမြို့က ပညာရေးဝန်ထမ်းစစ်သင်တန်း တလတက်ရမယ်လို့ မြို့နယ်ပညာရေးမှူးကို စစ်ကောင်စီတပ်ဘက်က အကြောင်းကြားထားတာကြောင့် သင်တန်းကာလ ပြီးဆုံးပါက ရှေ့တန်း စစ်မျက်နှာပြင်စေလွှတ်ခံရမှာကို ပညာရေးဝန်ထမ်းတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ အဆိုပါ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

Non CDM ဆရာမတဦးယောက်က “ရုံးဝန်ထမ်းတွေလား၊ ဆရာ ဆရာမတွေလား၊ အောက်ခြေ ဝန်ထမ်းတွေလား ဆိုတာတွေ အသေးစိတ်မသိရသေးဘူး။ သင်္ကြန်ပြီးရင် စစ်သင်တန်းတက်ဖို့တော့ ဝန်ထမ်းတွေကြားထဲမှာ ပြန့်နေလို့ အကုန်စိုးရိမ်နေကြတယ်။ အောက်ခြေဝန်ထမ်းတွေကတော့ အလုပ်ထွက်မယ်တွေ ဖြစ်ကုန်ပြီ”လို့ ပြောပါတယ်။

တောင်ကြီးမြို့က ပညာရေးဝန်ထမ်းတွေ စစ်သင်တန်းတက်ပြီးပါက မူလတာဝန်ကို ပြန်လည်ပေးအပ်မှာဖြစ်ပြီး သင်တန်းကာလအတွင်းကိုလည်း လစာပြည့်အဖြစ် သတ်မှတ်ပေးထားမှာ ဖြစ်သလို ရှေ့တန်းစစ်မျက်နှာပြင်ကို မသွားရဘူးလို့ စစ်ကောင်စီက ကတိပေးထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းဆင်းတွေကိုလည်း အဲဒီလို ရှေ့တန်းမထွက်ရဘူး ဆိုတဲ့ ကတိတွေပေးခဲ့ပေမဲ့ လက်တွေ့မှာ ရှေ့တန်းကို စစ်မျက်နှာပြင်တွေကိုသာ ပို့ဆောင်နေတာပါ။

တောင်ကြီးတက္ကသိုလ်က လက်ထောက် ကထိကတဦးက“တက္ကသိုလ်က လူတွေပါ တက်ရမလား ဆိုတာတော့ မကြားသေးဘူး။ အခြေခံမှာတော့ ခပ်လှုပ်လှုပ် ဖြစ်နေတာတော့ ကြားတယ်။ အခြေခံကဝန်ထမ်းတွေ တကယ်တက်ရပြီဆိုရင် အဆင့်မြင့်ဘက်လည်း ပါလာလောက်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်း စစ်မှုထမ်း အကျုံးဝင်တဲ့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းပေးကာ တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကို စေလွှတ်နေတာတွေကြောင့် စစ်မှုထမ်း သင်တန်းဆင်း အများအပြား သေဆုံးနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013