DVB Logo
Home
နိုင်ငံတကာ
TikTok ကို ဝယ်ယူရန် အီလွန်မက်စ် စိတ်မဝင်စား
DVB
·
February 10, 2025
TikTok ကို ဝယ်ယူရန် အီလွန်မက်စ် စိတ်မဝင်စား
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ် TikTok ကိုဝယ်ဖို့ စိတ်မဝင်စားဘူးလို့ အတည်ပြုလိုက်ပါတယ်။

တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်ထားတဲ့ TikTok ကို အမျိုးသားလုံခြုံရေး အကြောင်းပြချက်ကြောင့် ပိတ်ပစ်ဖို့ စီစဉ်ခဲ့အပြီးမှာ သမ္မတ ထရမ့်ပ်က ပိတ်ပင်မှု ယာယီဆိုင်းငံ့ပေးထားတာ ဖြစ်ပါတယ်။

TikTok ကို တရုတ်က အလုံးစုံပိုင်တာမျိုး မဟုတ်ဘဲ အမေရိကန်ကုမ္ပဏီတခုနဲ့ အကျိူးတူ ပူးပေါင်းဆောင်ရွက်မှု (JV) ပုံစံအဖြစ် ပြောင်းဖို့ ထရမ့်ပ်က အဆိုပြုထားပြီး မက်စ်က ဝယ်ချင်တယ်ဆိုလည်း ရတယ်လို့ ပြောခဲ့ဖူးပါတယ်။ 

မက်စ်က သူဟာ ကုမ္ပဏီတွေကို ဝယ်လေ့မရှိဘဲ ကိုယ့်ဟာကိုယ် စထောင်တတ်သူသာ ဖြစ်တယ်လို့ ဂျာမန်မီဒီယာကုမ္ပဏီတခုက လုပ်တဲ့ ညီလာခံမှာ အွန်လိုင်းက စကားပြောတဲ့အချိန် ထည့်ပြောခဲ့ပါတယ်။

Twitter လူမှုကွန်ရက်ကို ဝယ်ပြီး X လို့ နာမည်ပြောင်းခဲ့တာက ခြွင်းချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

မက်စ်ကသူဟာ TikTok မသုံးသလို အဲဒီအက်ပလီကေးရှင်းရဲ့ ပုံစံနဲ့လည်း အကျွမ်းတဝင်မရှိဘူးလို့ ပြောပါတယ်။ ထရမ့်က TikTok ဝယ်ဖို့နဲ့ ပတ်သက်ပြီး ဝယ်လက်အများအပြားနဲ့ ဆွေးနွေးနေပြီး ဒီလထဲ ဆုံးဖြတ်ချက်ချဖို့ ရှိတယ်လို့ ပြောထားပါတယ်။ 

TikTok ကို အမေရိကန်မှာ သုံးစွဲ သန်း ၁၇၀ အထိ ရှိနေပါတယ်။ TikTok ဆက်လည်ပတ်နိုင်အောင် ထရမ့်က ပိတ်ပင်မှု ယာယီဆိုင်းငံ့ပေးထားပေမဲ့ အက်ပဲလ်နဲ့ ဂူးဂဲလ်ရဲ့ App Store တွေမှာ TikTok အက်ပ်ကို ပြန်မတင်ပေးထားပါဘူး။

အန်းဒရွိုက် သုံးသူတွေကတော့ ဝက်ဘ်ဆိုက်ကနေတဆင့် ဒေါင်းလို့ရနေသေးပြီး မူလ ဒေါင်းထားတဲ့သူတွေလည်း ဆက်သုံးလို့ ရနေပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013