DVB Logo
Home
မြန်မာသတင်း
၄ နှစ်အတွင်း CDF Hakha က ရဲဘော် ၄၆ ဦးကျဆုံးခဲ့ပြီး ၂၀၀ နီးပါးဒဏ်ရာရခဲ့
DVB
·
February 9, 2025
၄ နှစ်အတွင်း CDF Hakha က ရဲဘော် ၄၆ ဦးကျဆုံးခဲ့ပြီး ၂၀၀ နီးပါးဒဏ်ရာရခဲ့
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးလုပ်ဆောင်ချိန်ကစလို့ ဒီနေ့အချိန်အထိ Chinland Defense Force - Hakha က ရဲဘော် ၅၀ နီးပါး ကျဆုံးခဲ့သလို ၂၀၀ နီးပါးလည်း ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

CDF-Hakha ရဲ့ ဥက္ကဋ္ဌ ဆလိုင်းဟရမ်လျန်က “ကျနော်တို့ဟာ ဟားခါးမြို့ကို သိမ်းပိုက်နိုင်ဖို့အတွက်ဆို အသက်ပေးဖို့ဝန်မလေးကြဘူး။ ကျနော်တို့ကို ယုံကြည်ပေးကြပါ။ ဟားခါးမြို့တခုတည်းမဟုတ်ပါဘူး။ ချင်းပြည်နယ်ထဲကနေရာအစုံမှာ စစ်တိုက်ပြီးတော့ အသက်တွေပေးနေကြပါတယ်။ တော်လှန်ရေးအစကနေ အခုချိန်ထိ အသက်ပေးသွားတဲ့ရဲဘော် ၄၆ ယောက်ရှိပြီးတော့ ဒဏ်ရာရတဲ့သူက ၁၉၀ ကျော်ရှိခဲ့ပါတယ်။ စစ်နိုင်ဖို့ဆိုရင် ကြိုတင်ပြင်ဆင်မှုက အင်မတန်မှ အရေးကြီးပါတယ်။ ကျနော်တို့ ချင်းလူမျိုးတွေက ကြိုတင်ပြင်ဆင်ချိန်ကာလမှာ မထောက်ပံ့ကြဘဲ အောင်ပွဲခံတဲ့နေ့ကျမှ စုပုံပြီးပေးတတ်တဲ့ အကျင့်ရှိကြတာဟာ ကျနော်တို့ရဲ့ အားနည်းချက်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ ပြင်ဆင်ချိန်ကာလမှာ ကူညီထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

ဟားခါးမြို့သိမ်းစစ်ဆင်ရေးအတွက် ဖေဖော်ဝါရီ ၆ ရက်နေ့က အွန်လိုင်းကနေ ရန်ပုံငွေရှာဖွေတဲ့ အစီအစဉ်မှာ သူက အခုလိုပြောသွားတာဖြစ်ပါတယ်။

ဟားခါးမြို့ကို အခုနှစ်ထဲမှာ သိမ်းပိုက်နိုင်ဖို့ ရည်မှန်းထား​ပြီး ချင်းပြည်နယ်ထဲက ဟားခါးမြို့အပါအဝင်၊ ထန်တလန်၊ ဖလမ်းနဲ့ တီးတိန်မြို့တို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ကျန်ရှိနေကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။

Chinland Defense Force - Hakha ဟာ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်စစ်ဆင်တိုက်ခိုက်ရေးမှာ ၃၄၂ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပြီး မြို့တွင်းစစ်ဆင်ရေးအဖြစ် အကြိမ်ရေ ၁၄၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013