DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် အရပ်ဝတ်ဖြင့်သတင်းထောက်လှမ်းနေသူ ရဲ ၂ ဦးကို CDF Hakha ဖမ်းဆီး
DVB
·
May 3, 2025
ဟားခါးတွင် အရပ်ဝတ်ဖြင့်သတင်းထောက်လှမ်းနေသူ ရဲ ၂ ဦးကို CDF Hakha ဖမ်းဆီး
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရပ်ဝတ်နဲ့သတင်းထောက်လှမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ကို မေ ၁ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ Chinland Defense Force - Hakha (CDF Hakha) က မေ ၂ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

CDF Hakha ရဲ့ပြန်ကြားရေးတာဝန်ခံက “ဟားခါးမြို့ပေါ်မှာ အရပ်ဝတ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို ပြည်သူအယောင်ဆောင်ပြီး သတင်းတွေထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်သား ၂ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တာပါ” လို့ ပြောပါတယ်။

ဟားခါးမြို့ပေါ်မှာတာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေညှစ်တာ၊ လုယက်တာတွေကို မကြာခဏပြုလုပ်လေ့ရှိသလို ပြည်သူအယောင်ဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဟားခါးနယ်မြေအတွင်းက စစ်ရေးသတင်းတွေကို ထောက်လှမ်းနေတာလည်းရှိတယ်လို့ ဆိုပါတယ်။

CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ အရာရှိတယောက်က “အခုတော့ စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်နေဆဲပါ။ စစ်ဆေးပြီးတော့လည်း ပြည်သူတွေအပေါ် သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ်မှာမူတည်ပြီး ဥပဒေနဲ့အညီပဲဆောင်ရွက်သွားဖို့ရှိနေပါတယ်” လို့ DVB ကို ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း ဟားခါးမြို့ပေါ်က အပြစ်မဲ့ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို လိုက်လံဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ကလည်း ဟားခါးမြို့ပေါ်မှာရှိတဲ့ ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေညှစ်လုယက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ခြိမ်းခြောက်လုယက်ထားတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ CDF Hakha က ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013