DVB Logo
Home
မြန်မာသတင်း
မိုးဗြဲ PDF ၁၀၀၁ တပ်ရင်း၊ ကျွဲချိုတပ်ခွဲမှ ရဲဘော် ၂ ဦးကျဆုံး
DVB
·
July 4, 2025
မိုးဗြဲ PDF ၁၀၀၁ တပ်ရင်း၊ ကျွဲချိုတပ်ခွဲမှ ရဲဘော် ၂ ဦးကျဆုံး
1 / 3
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်းက မိုးဗြဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး မိုးဗြဲ PDF အမှတ် ၁၀၀၁ တပ်ရင်း၊ ကျွဲချိုတပ်ခွဲက ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဇူလိုင်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အသက် ၁၈ နှစ်အရွယ် မောင်ဒေးဗစ် (ကိုယ်ပိုင်အမှတ် P31001714 ) နဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဝင်းကိုနိုင် (ကိုယ်ပိုင်အမှတ် P31001689) တို့ဟာ မိုးဗြဲတိုက်ပွဲမှာ ဇွန်လ ၃၀ ရက်နေ့က ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မောင်ဒေးဗစ်နဲ့ မောင်ဝင်းကိုနိုင်တို့က ကျရာတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ပြီး မှန်ကန်တဲ့ စိတ်ဓာတ်၊ ရဲစွမ်းသတ္တိနဲ့အတူ ပြည်သူ့တိုက်ပွဲအတွက် အသက်ပေးစတေးခဲ့လို့ မိသားစုနဲ့ထပ်တူဝမ်းနည်းရပြီး အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

မြေပြင်ရဲဘော်တယောက်က "စစ်ကောင်စီက မြို့ပေါ်ဧရိယာတွေကို ထိုးဖောက်ဝင်ရောက်ပြီး တပ်စွဲထားတဲ့ အခြေအနေမျိုးရှိနေတယ်"လို့ ပြောပါတယ်။

မိုးဗြဲကို စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး လက်နက်ကြီးနဲ့ နေ့ညမပြတ် ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ ပြုလုပ်နေတာပါ။

စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ ပေါ်တာဆွဲထားသူတွေကို အသုံးပြုပြီး သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဇူလိုင်လ ၂ ရက်နေ့မှာတော့ မိုးဗြဲလမ်းမကြီးနဲ့ နေရာအများအပြားကို လက်လွှတ်ပေးလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

မိုးဗြဲ PDF အမှတ် ၁၀၀၁ တပ်ရင်း၊ ကျွဲချိုတပ်ခွဲမှာ ရဲဘော်တပ်ဖွဲ့ဝင် ၁၄ ဦးထိ အသက်ပေးဆပ်တိုက်ပွဲဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိတယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013