DVB Logo
Home
နိုင်ငံတကာ
အစ္စရေးဓားစာခံ ၃ ဦးနှင့် ပါလက်စတိုင်းအကျဉ်းသား ၁၈၃ ဦးထပ်မံလဲလှယ်
DVB
·
February 9, 2025
အစ္စရေးဓားစာခံ ၃ ဦးနှင့် ပါလက်စတိုင်းအကျဉ်းသား ၁၈၃ ဦးထပ်မံလဲလှယ်
Donate to DVB

ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဟားမတ်စ်အဖွဲ့က  နောက်ထပ် အစ္စရေးဓားစာခံ ၃ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား ၁၈၃ ယောက်ကို လွှတ်ပေးနေတယ်လို့ သိရပါတယ်။ 

လွှတ်ပေးလိုက်တဲ့ အစ္စရေးဓားစာခံတွေထဲမှာ ၂၀၂၃  အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုမှာ၊ ဘီအေရီ စုပေါင်းခြံက  ဖမ်းဆီးခံခဲ့ရတဲ့ အိုဟတ် ဘင်အမီ၊ အီလိုင် ရှာရာဘီ နဲ့ နိုဗာဂီတပွဲတော်ကနေ ဖမ်းဆီးခံခဲ့ရတဲ့ အော်လေဗီတို့ ပါဝင်ပါတယ်။ 

သူတို့ ၃ ယောက်လုံးရဲ့ ရုပ်သွင်ပြင်က အရမ်းပိန်ချုံးနေပြီး၊ အားနည်းနေကာ မျက်နှာဖြူဖပ်ဖတ် ဖြစ်နေတာကို တွေ့ရပါတယ်။ 

ဒါဟာ ရှေ့မှာပြန်လွှတ်ပေးခဲ့တဲ့ ဓားစာခံ ၁၈ ယောက်ထက် ပိုဆိုးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အိုဟတ် ဘင်အမီရဲ့ ယောက္ခမဖြစ်သူ မီရှယ် ကိုဟင်က "သူ့ကို အရိုးပုံလို ဖြစ်နေတာ တွေ့ရတယ်။ ကြည့်ရတာ တကယ့်ကို စိတ်မကောင်းစရာပဲ" လို့ ပြောပါတယ်။ 

ဒီလဲလှယ်မှုဟာ ၄၂ ရက်တာ ပထအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

အခုထိ  ဟားမတ်စ်ဘက်က အစ္စရေးဓားစာခံ ၁၆ ယောက်နဲ့ ထိုင်းနိုင်ငံသား ၅ ယောက်ကို ပြန်လွှတ်ပေးခဲ့သလို အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၅၈၃ ယောက် ပြန်လွှတ်ပေးခဲ့ပါတယ်။ 

၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ်ဦးဆောင်တဲ့အဖွဲ့တွေက အစ္စရေးနယ်မြေထဲ ဝင်ပစ်ခတ်ခဲ့တာကြောင့် လူ ၁၂၀၀ လောက် သေဆုံးပြီး လူ ၂၅၀ ကို ဓားစာခံအဖြစ် ဖမ်းသွားခဲ့ပါတယ်။ 

အဲဒီနောက်မှာ အစ္စရေးက ဟားမတ်စ်ခြေကုပ်ယူရာ ဂါဇာကမ်းမြောင်ကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့အတွက် ပါလက်စတိုင်း ၄၇,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013