DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကျပ်သန်း ၇,၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
February 9, 2025
မန္တလေးတွင် ကျပ်သန်း ၇,၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ကျပ်သန်း ၇,၃၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗဟိုအဖွဲ့က ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်မယ် ဆိုတဲ့သတင်းအရ ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီခွဲအချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၃ လမ်း၊ ၁၄၂ x ၁၄၃ လမ်းကြားမှာ စောင့်ဆိုင်းနေခဲ့တယ်လို့ ဆိုပါတယ်။

အဲအချိန်မှာရောက်ရှိလာတဲ့ ဇော်မင်းနိုင်နဲ့ ဇင်ကိုကိုလွင်တို့ ၂ ယောက်ကို LIGHT TRUCK ကားတစီး၊ မော်တော်ဆိုင်ကယ်တစီး၊ ဘိန်းဖြူ ၁၁ ကီလိုနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူအရောင်းအဝယ်ပြုလုပ်ရာမှာ ၁၀ ရာခိုင်နှုန်း အကျိုးဆောင်ခနဲ့ ပွဲစားပြုလုပ်ပေးသူ မကျော့ကေခိုင်(ခ)နန်းမွေလျန်းကို ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းနဲ့ ၁၁၅ လမ်းထောင့်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးတော့ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ အိုက်စိုင်းကို ၇၂(A)လမ်း၊ ၁၁၇x၁၁၈ လမ်းကြားမှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ နဲ့၊ ခွန်မြတ်(ခ)နောနော်နဲ့ စိုင်းသိန်းမြတ်(ခ)စိုင်းလေးတို့ကို ၁၅၁ လမ်း၊ ၇၁ (A) လမ်းထောင့်မှာ PRADO ကားတစီးနဲ့ အသီးသီးဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ဖော်ထုတ်ချက်တွေအရ ဘိန်းဖြူရောင်းချခိုင်းသူ စိုင်းအိုက်ယုံကို ၁၁၂(B)၊ ၅၀x၅၁ လမ်းကြားကနေအိမ်မှာ ဘိန်းဆီခဲ ၂၅ ဂရမ်နဲ့ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ဖော်ထုတ်ချက်အရ ၆၁ လမ်း၊ ၁၂၄x၁၂၅ လမ်းကြားဂိုဒေါင်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တာတွေကတော့ စုစုပေါင်းဒေသကာလတန်ဖိုးငွေ ကျပ်သန်းပေါင်း ၇,၃၀၀ ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄၂ သိန်းနဲ့ ဘိန်းဆီခဲ ၂၅ ဂရမ်၊ မူးယစ်ဆေးဝါးအရောင်းအဝယ် လုပ်ရာမှာသုံးတဲ့ မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီးတို့ဖြစ်ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ အိုက်ပေါင်းရဲ့ အစီအမံနဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း၊ ၁၂၄x၁၂၅ လမ်းကြားက ဂိုဒေါင်ကိုငှားပြီး ကိုအောင် ဆိုသူကို မူးယစ်ဆေးဝါးတွေ ထိန်းသိမ်းထားစေတယ်လို့ ဆိုပါတယ်။

ပြီးတော့ စိုင်းမွန်း(ခ)စိုင်းမွန်လောဝ်နဲ့ စိုက်အိုက်ယုံတို့က မကျော့ကေခိုင်(ခ)နန်းမွေလျန်းကို ပွဲစားခ ၁၀ ရာခိုင်နှုန်းပေးပြီး မူးယစ်ဆေးဝါးတွေ ရောင်းဝယ်သလို အိုက်စိုင်း၊ ခွန်မြတ်(ခ)နောနော်နဲ့ စိုင်းသိန်းမြတ်(ခ)စိုင်းလေး တို့ကတော့ မူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်တာနဲ့ ရောင်းရငွေတွေကို အဆင့်ဆင့် လွှဲပြောင်းလက်ခံယူသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်က တည်းခိုခန်းတခုမှာ တည်းနေသူ တယောက်ဆီကနေ ဒေသကာလပေါက်ဈေး ကျပ် သိန်း ၄၀ ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ဖမ်းဆီးရမိပြီး သူငှားနေတဲ့ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ နေအိမ်အတွင်းက ဒေသကာလပေါက်ဈေးငွေကျပ်သိန်း ၃,၄၂၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်ကလည်း ချမ်းအေးသာစံမြို့နယ်မှာ ဆိုင်ကယ်မောင်းလာသူ တယောက်ကို စစ်ဆေးရာကနေ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄ သိန်းရှိတဲ့ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂၀ ဂရမ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သူနေထိုင်တဲ့ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်နေအိမ်အတွင်းကနေ  စိတ်ပြောင်းဆေးဝါးတွေ ဖြစ်တဲ့ ကက်တမင်း အလေးချိန် ၂ ဒသမ ၅ ကီလို၊ Happy Water အလေးချိန် ၁ ဒသမ ၂၆ ကီလို၊ အက်တက်စီဆေးပြား ၄၅၀၊ Happy Water အရည် ဝ ဒသမ ၀၁၈ လီတာ၊ စုစုပေါင်း ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၂,၄၅၈ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013