
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ထိုင်းနိုင်ငံရဲ့ တော်ဝင်မင်းသမီး မဟာချက်ကရီ သီရိဒုံနဲ့ ပေကျင်းမြို့တော်မှာ ဧပြီ ၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း တို့ဟာ တရုတ်-ထိုင်း ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရေး လမ်းညွှန်ချက်ပေးခြင်းအားဖြင့် မနှစ်က အရေးကြီးတဲ့ သဘောတူညီချက်တရပ် ရခဲ့တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ ဝမ်က ပြောပါတယ်။
တော်ဝင်မင်းသမီး သီရိဒုံကလည်း တရုတ်ပြည်သူတွေကို ကောင်းမွန်တဲ့ မိတ်ဆွေအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
သီရိဒုံက နှစ်နိုင်ငံဟာ ကဏ္ဍအသီးသီးမှာ ဆက်သွယ်ရေးနဲ့ ဖလှယ်မှုတွေကို ပိုတိုးမြှင့်ဖို့၊ သိပ္ပံနဲ့ နည်းပညာ၊ စိုက်ပျိုးရေး၊ ဆေးပညာ၊ ယဉ်ကျေးမှု၊ ပညာရေးနဲ့ တခြားကဏ္ဍတွေမှာ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေဖို့၊ နှစ်နိုင်ငံပြည်သူတွေအကြား အပြန်အလှန် နားလည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဖို့နဲ့ ထိုင်း-တရုတ် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










