DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် မီဒီယာ ရန်ပုံငွေ ကန်ဒေါ်လာ ၃၉ သန်းကို ဒေါ်နယ်ထရမ့်ပ် ရပ်ဆိုင်း
DVB
·
February 6, 2025
မြန်မာ့လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် မီဒီယာ ရန်ပုံငွေ ကန်ဒေါ်လာ ၃၉ သန်းကို ဒေါ်နယ်ထရမ့်ပ် ရပ်ဆိုင်း
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ မီဒီယာဖွံ့ဖြိုးရေးအတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ (USAID) ကတဆင့် ပေးအပ်မယ့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၉ သန်းကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရပ်ဆိုင်းလိုက်တဲ့အကြောင်း Human Rights Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

USAID ကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ထဲမှာ လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ ကတိပြုထားတဲ့ အဆိုပါရန်ပုံငွေတွေကို ခေတ္တဆိုင်းငံ့ထားလိုက်တာဖြစ်ပြီး ဒီရန်ပုံငွေတွေကို ဘယ်အချိန်မှာ ပြန်လည်ပေးအပ်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

USAID ရဲ့ ကတိကဝတ် ရန်ပုံငွေတွေထဲမှာတော့ လူ့အခွင့်အရေး ကာကွယ်ရေး ပရောဂျက် ၇ ခုအတွက် ဒေါ်လာ ၈ သန်း၊ ဒီမိုကရေစီမြှင့်တင်ရေး လုပ်ငန်းစဉ် ၉ ခုအတွက် ဒေါ်လာ သန်း ၃၀ နဲ့ အမှီအခိုကင်းတဲ့ မီဒီယာတွေကို ပံ့ပိုးပေးမယ့် အစီအစဉ် ၂ ခုအတွက် ဒေါ်လာ ၁ သန်းစီ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီရန်ပုံငွေတွေက စစ်အုပ်ချုပ်ရေးကို စိန်ခေါ်ပြီး ဒီမိုကရေစီအရေး မြှင့်တင်တဲ့ အဖွဲ့အစည်းတွေ အတွက် အရေးကြီးတဲ့အကြောင်းနဲ့ ဒါကို ကာလကြာရှည် ဆိုင်းငံ့ထားမှုက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ပြင်းထန်ပြီး ရေရှည်အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ Human Rights Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

USAID အနေနဲ့ မြန်မာနိုင်ငံထဲက ပရောဂျက် ၃၄ ခုအတွက် ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီးဖြစ်တဲ့အပြင် လက်ရှိ ကတိကဝတ်တွေဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီအတွက် ဒေါ်လာ ၂၂ သန်း၊ စိုက်ပျိုးရေးအတွက် ဒေါ်လာ ၃၆ သန်း၊ ကျန်းမာရေးအတွက် ဒေါ်လာ ၂၂ သန်းနဲ့ ပညာရေးအတွက် ဒေါ်လာ သန်း ၃၀ ကိုလည်း ဆိုင်းငံ့ထားကာ အဲဒီထဲမှာ ၂၀၂၅ ခုနှစ်ထဲမှာ စတင်မယ့် ပရောဂျက်အသစ်တွေ မပါဝင်ဘူးလို့ ဆိုပါတယ်။

လက်ရှိ ကတိကဝတ်တွေထဲက တီဘီနဲ့ အိပ်ချ်အိုင်ဗွီ ပရောဂျက်တွေအတွက် ခွဲဝေပေးမယ့် ဒေါ်လာ ၁၀ သန်းကလည်း မရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်နေရသလို ဒီဖြတ်တောက်မှုရဲ့ အကျိုးသက်ရောက်မှုက မြန်မာနိုင်ငံက ပြည်သူတွေ၊ အထူးသဖြင့် ဘေးဖယ်ကြည်ခံထားရတဲ့ လူ့အဖွဲ့အစည်းတွေက အပြင်းထန်ဆုံး ခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အမေရိကန်အစိုးရအနေနဲ့ အဆိုပါရန်ပုံငွေတွေကို ပြန်လည်ပေးအပ်ဖို့နဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ ကတိကဝတ်တွေကို လိုက်နာနိုင်စေနိုင်ဖို့ ချက်ချင်း လုပ်ဆောင်ရမယ်လို့ တိုက်တွန်းထားပါတယ်။

အမေရိကန် အောက်လွှတ်တော်၊ အထက်လွှတ်တော်နဲ့ အုပ်ချုပ်ရေးမူဝါဒ ချမှတ်သူတွေ အနေနဲ့ ဒီရန်ပုံငွေတွေကို ရာသက်ပန်ဆုတ်ယုတ်မှု ဖြစ်လာတာတွေက တားဆီးရမှာဖြစ်ပြီး လိုအပ်ပါက အရေးကြီးတဲ့ အစပျိုးမှုတွေကို နောက်ပြန်မဆုတ်နိုင်စေဖို့ ရန်ပုံငွေတွေ ဆက်လက်စီးဆင်းနေချိန်မှာ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ ပြန်လည်သုံးသပ်မှု လုပ်ငန်းစဉ်ကို လုပ်ဆောင်သင့်ကြောင်းလည်း ပြောလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013