DVB Logo
Home
မြန်မာသတင်း
ချင်းမျိုးနွယ်အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေသည့် သတင်းမှားနှင့် အမုန်းစကား တားဆီးရေး လုပ်ဆောင်မည်
DVB
·
October 19, 2026
Photo: USCC
Photo: USCC
Donate to DVB

ချင်းမျိုးနွယ်အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေတဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေမှုတွေ လျှော့ချ တားဆီးဖို့ အချင်းချင်း တွဲလက်ခိုင်မာစွာနဲ့ အတူတကွ လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့အတွက် ပူးတွဲစီမံချက်တွေ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ United States Chin Coalition (USCC) နဲ့ လွတ်လပ်တဲ့ ချင်းမီဒီယာ ၁၀ ဖွဲ့တို့က အောက်တိုဘာ ၁၈ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ၅ နှစ်ကျော်ကာလအတွင်း ပြည်သူလူထုတရပ်လုံးဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု အကျိုးသက်ရောက်တာတွေကြောင့် အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေမဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ အမုန်းစကား ဖြန့်ဝေနေမှုတွေကို လျော့ချ တားဆီးနိုင်ဖို့အတွက် United States Chin Coalition (USCC) နဲ့ လွတ်လပ်သော ချင်းမီဒီယာ ၁၀ ဖွဲ့တို့ဟာ ပူးတွဲစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

United States Chin Coalition (USCC) နဲ့ အတူ ပါဝင်တဲ့ ချင်းမီဒီယာ ၁၀ ဖွဲ့ကတော့ Chin World၊ The Chinland Post၊ The Hakha Post၊ Kimo Media၊ Khonumthung၊ The Kaladan Post၊ The Matupi Times၊ The Mindat Post၊ The Tedim Times နဲ့ Zalen တို့ ဖြစ်ကြပါတယ်။

ရှေ့ဆက်ဆောင်ရွက်မဲ့ အသေးစိတ် လုပ်ငန်းစဉ်တွေကိုလည်း အများပြည်သူဆီ အဆင့်ဆင့် ချပြပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်လို့ ချင်းပြည်သူလူထုတရပ်လုံး အနေနဲ့လည်း အချင်းချင်း သွေးကွဲစေမဲ့ သတင်းမှားနဲ့ အမုန်းစကားတွေကို အတူတကွ တားဆီးကာကွယ်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

အမှန်တရားနဲ့ စည်းလုံးညီညွတ်ရေးကို ရှေးရှုတဲ့ ဒီလုပ်ငန်းစဉ်တွေမှာ ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ ချင်းမီဒီယာတွေ အနေနဲ့လည်း မိမိတို့ တတ်စွမ်းနိုင်တဲ့ ကဏ္ဍအသီးသီးကနေ ပူးပေါင်းပါဝင် လက်တွဲပေးကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013