DVB Logo
Home
မြန်မာသတင်း
ငရုတ်ကောင်းမြို့တွင် ရခိုင်တိုင်းရင်းသား ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
February 5, 2025
ငရုတ်ကောင်းမြို့တွင် ရခိုင်တိုင်းရင်းသား ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့က ရခိုင်တိုင်းရင်းသား ၅ ယောက်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရခိုင်တိုင်းရင်းသား ၅ ယောက်ဟာ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ အခြေချနေထိုင်တဲ့ တိုင်းရင်းသားတွေဖြစ်ပြီး စစ်ဆေးဖို့လိုအပ်တာကြောင့်ဆိုကာ စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဇင်ခိုင် ဆိုတဲ့ တိုင်းရင်းသားလူငယ် အပါအဝင် ၅ ယောက် အဖမ်းခံရတာ။ စကစတပ်ကဖမ်းတာ။ စစ်ဆေးဖို့ရှိလို့ ဖမ်းတာ။ အကြောင်းမဲ့ မဖမ်းဘူးပေါ့ ပြောပြီး ဖမ်းခေါ်သွားတာ။ သူတို့က ငရုတ်ကောင်းဇာတိသားတွေပါ” လို့ ပြောပါတယ်။

တိုင်းရင်းသားတွေကို စစ်ကောင်စီတပ်က အာရက္ခတပ်တော်နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းနေတာဖြစ်ပြီး ဧရာဝတီတိုင်းထဲမှာ အခြေချနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေကို စစ်ကောင်စီတပ်အနေနဲ့ ဖမ်းဆီးလာတာဟာ အာရက္ခတပ်တော် (AA) ကို စစ်ရှုံးနေတာကြောင့် အငြိုးနဲ့ ဖမ်းနေတာလို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ဆိုပါတယ်။

ဒေသခံ တိုင်းရင်းသားတယောက်က “တိုင်းရင်းသားတွေ အဖမ်းခံရတာ မှန်ပါတယ်။ ငရုတ်ကောင်း ပင်လယ်ကမ်းစပ်မှာ နေထိုင်သူတွေပါ။ သူတို့ကို ဘယ်ခေါ်သွားလဲတော့ မသိဘူး။ စစ်ရှုံးတပ်က စစ်တိုက်လို့မနိုင်တာနဲ့ အငြိုးနဲ့ အရပ်သားတွေကို ဖမ်းနေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက မဟုတ်ဘဲ နေရပ်ဒေသအသီးသီးမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ရန်ပြုလာမှုကို အထူးသတိထားဖို့ လိုအပ်တယ်လို့ ရခိုင်တိုင်းရင်းသားတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၂၃ ရက်ကလည်း ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ရခိုင်ကနေ စစ်ဘေးရှောင်ဖို့ ရောက်လာတဲ့ အသက် ၂၀ ကျော်နဲ့ အသက် ၅၀ ကျော်အရွယ် တိုင်းရင်းသား ၂ ယောက်ကို AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး စစ်ကောင်စီ ပမ္မဝတီရေတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013