DVB Logo
Home
နိုင်ငံတကာ
မြန်မာဘက်ကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် ၁ နှစ် ဘတ်သန်း ၆၀၀ ထိ  ဆုံးရှုံးနိုင်ဟု ထိုင်း ပြော
DVB
·
February 5, 2025
မြန်မာဘက်ကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် ၁ နှစ် ဘတ်သန်း ၆၀၀ ထိ  ဆုံးရှုံးနိုင်ဟု ထိုင်း ပြော
Donate to DVB

ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံဘက်က နေရာ ၅ ခုကို ထိုင်းဘက်က ကိုးကားပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် တနှစ်ကို ဘတ်ငွေသန်း ၆၀၀ ထိ ဆုံးရှုံးနိုင်တယ်လို့  ထိုင်းပြည်ထဲရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Thai PBS World သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီး အနုတင် ချားဝီရာကူလ်က ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) အနေနဲ့ တလကို ဘတ်ငွေ သန်း ၅၀ လောက် ဆုံးရှုံးသွားတယ်လို့ ပြောလိုက်ပြီး လက်ရှိအချိန်ထိ ထိုင်းကနေ မြန်မာဘက်ကို နှစ်စဉ် လျှပ်စစ်ဓာတ်အား ၂၀ ဒသမ ၃၇ မဂ္ဂါဝပ်ထိ ပေးဝေခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးစိုးရာ မြန်မာနယ်စပ်နေရာ ၅ ခုကိုတော့ ထိုင်းနိုင်ငံက ဒီကနေ့ မနက်ပိုင်းမှာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အဆိုပါနေရာတွေထဲမှာတော့ မဲဆောက်-မြဝတီ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ အပါအဝင် မြဝတီနယ်စပ်နေရာ ၂ ခု၊ မယ်ဆိုင်-တာချီလိတ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၁ အပါအဝင် တာချီလိတ် နယ်စပ်နေရာ ၂ ခုနဲ့ ဘုရားသုံးဆူဒေသတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေက ထိုင်းပြည်သူတွေနဲ့ နိုင်ငံတော်ရဲ့ ပုံရိပ်အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေပြီး “ကျမတို့ ပြည်သူတွေကို ဂရုစိုက်ရပါမယ်” ​ လို့  ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ထရာ က ပြောထားပါတယ်။

ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖမ်သမ်ဝီချရာချိုင်း ကလည်း ထိုင်းလုံခြုံရေးကို ခြိမ်းခြောက်မှုကြောင့် ရာဇ၀တ်ဂိုဏ်းတွေကို ပြတ်ပြတ်သားသား အရေးယူသင့်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတယောက်ဖြစ်တဲ့ ခွန်မ်ကရစ်ယောင်ဘွန် ဝပ်တနာကတော့ သူတို့အနေနဲ့ ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် အဆိုပါနေရာတွေကို လျှပ်စစ်မီးဖြတ်တောက်ဖို့ လိုအပ်ကြောင်း သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

ခုလို လျှပ်စစ်မီးဖြတ်တောက်မှုတွေက ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ မချိတ် ဆက်သူတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။

ဒါပေမဲ့ အဆိုပါဒေသတွေက တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုမရှိတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲသူပမာဏ ဘယ်လောက်ထိ ထိခိုက်နိုင်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ထရာက ဒီကနေ့မှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေပြီး ဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံကာ ကျားဖြန့်ငွေလိမ် ရာဇဝတ်ဂိုဏ်းတွေကိစ္စအပါအဝင် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ၄ ရက်ကြာ ဒီခရီးစဉ်မှာတော့ ဝန်ကြီးချုပ်က ထိုင်းနိုင်ငံတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အနုတ်လက္ခဏာ သဘောဆောင်တဲ့ ကောလာဟလတွေကို တားဆီးရာမှာ တရုတ်နိုင်ငံရဲ့ အကူအညီကို တောင်းခံမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ကြောင်း ပြောကြားသွားမယ်လို့ ဆိုပါတယ်။

Source: Thai PBS 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013