
ပိုလန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေနဲ့ လက်နက်ထုတ်လုပ်တဲ့ ကိုယ်စားလှယ်တွေဟာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ယူကရိန်းကာကွယ်ရေးကဏ္ဍနဲ့ ဖက်စပ်လုပ်ဆောင်ရေးတို့ အတွက် ဆွေးနွေးဖို့ ဖေဖော်ဝါရီ ၃ ရက်က ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ကို ရောက်လာပါတယ်။
ပိုလန် လက်ထောက်ကာကွယ်ရေးဝန်ကြီး ဆီဇာရီ တွန်မ်ချစ်ခ်က ယူကရိန်းမှာ စစ်ပွဲစတင်ချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် ခုမှလုပ်ဆောင်ခြင်းဟာ ကြီးမားတဲ့ အမှား တခုပဲလို့ ပြောပါတယ်။
“လွန်ခဲ့တဲ့လတွေ အတော်ကြာကတည်းက ဒီအမှားကို ပြင်ဖို့၊ ကျနော်တို့ရဲ့ အရောင်းကမ်းလှမ်းမှုကို တင်ပြဖို့ ဒီစီးပွားရေးမစ်ရှင်ကို ပြင်ဆင်နေပါတယ်" လို့ တွန်မ်ချစ်က ပြောပါတယ်။
ပိုလန်က ဂရော့ ရိုင်ဖယ်တွေ၊ ရိုဆိုမက်ခ် ယာဉ်တွေနဲ့ ခရပ်ဘ် ဟောင်ဝစ်ဇာ အမြောက်တွေဟာ တန်ဖိုးရှိပြီး ကာ့က်စ်ခ်မြို့လို စစ်မြေပြင်တွေမှာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားကြားဖြစ်နိုင်ခြေရှိတဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ သက်ရောက်မှုနဲ့ လက်နက် ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေအပေါ် တွန်မ်ချစ်ခ်က ဒေသတွင်း နိုင်ငံအားလုံး သူတို့ရဲ့ ကာကွယ်ရေး စွမ်းရည်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
"ယာယီအပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် အသွင်ကူးပြောင်းရေးကာလ တခုကြောင့် စစ်တပ် ခေတ်မီမှုကို ရပ်တန့်ဖို့ တတ်နိုင်တဲ့ နိုင်ငံမရှိဘူး”လို့လည်း သူက ပြောခဲ့ပါတယ်။
တခြားပိုလန်လက်နက်ထုတ်လုပ်တဲ့ မက်စ်ကို စက်ရုံတွေနဲ့ ဟူတာ စတာလိုဝါ ဝိုလာတို့နဲ့အတူ ပိုလန် လက်နက်တပ်ဆင်ရေးအုပ်စု (PGZ)ရဲ့ ဘုတ်အဖွဲ့ဝင် မာချင် အီဂျစ်ခ်က ယူကရိန်းဟာ နောက်တကြိမ် တိုက်ခိုက်မခံရတာ သေချာစေဖို့ အားကောင်းတဲ့ စစ်တပ်ကို တည်ဆောက်သင့်တယ်လို့ ပြောပါတယ်။
"ယူကရိန်းဟာ ဟန့်တားနိုင်စွမ်း၊ အထွေထွေကြိုတင်ကာကွယ်နိုင်စွမ်းရှိရမယ်”လို့လည်း ကိယက်ဗ် မြို့တော်ဆီ သွားရောက်လည်ပတ်ချိန်မှာ အီဂျစ်ခ်က ပြောခဲ့ပါတယ်။
Source-Reuters










