DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်တွင်ဖမ်းဆီးခိုင်းစေခံရသူများ လွတ်မြောက်ရေး အင်ဒိုအလုပ်သမားသမဂ္ဂက မြန်မာသံရုံးရှေ့ ဆန္ဒပြ
DVB
·
February 4, 2025
ကျားဖြန့်တွင်ဖမ်းဆီးခိုင်းစေခံရသူများ လွတ်မြောက်ရေး အင်ဒိုအလုပ်သမားသမဂ္ဂက မြန်မာသံရုံးရှေ့ ဆန္ဒပြ
Donate to DVB

မြန်မာနိုင်ငံဘက်က ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ ဖမ်းဆီးခိုင်းစေခံထားရသူတွေ လွတ်မြောက်ရေးအတွက် ဂျကာတာမြို့က မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှားရွှေ့ ပြောင်းအလုပ်သမားများသမဂ္ဂ (SBMI) နဲ့ ဒါဇင်နဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတယ်လို့ Tempo သတင်းမှာ ဖေဖော်ဝါရီ ၃ ရက်က ဖော်ပြပါတယ်။

အဆိုပါ ဆန္ဒပြပွဲမှာတော့ မြန်မာနိုင်ငံဘက်က ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေထဲ အဓမ္မ ခိုင်းစေခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အင်ဒိုနီးရှား ရွှေ့ပြောင်းလုပ်သား ၄၅ ဦး ပါဝင်တယ်လို့ SBMI ဥက္ကဌ ဟာရီယန်တို ဆူဝါနိုက ပြောပါတယ်။

မြဝတီမြို့က ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၄၅ ဦးရှိတဲ့အကြောင်း SBMI က ပြီးခဲ့တဲ့  ၂၀၂၄ ခု ဒီဇင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အင်ဒိုနီးရှား အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ညှိနှိုင်းရေးမှူး အန်နစ်စ် ဟီဒါယာက တော့ မြန်မာနိုင်ငံထဲက ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံရသူတွေဟာ ဂျကာတာ၊ မြောက်ဆူမတ်တြား၊ ကာလီမန်တန်နဲ့ အနောက်ဂျာဗားလို နေရာတွေက ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံရသူတွေထဲက တချို့ဟာ အချိန် ၆ လလောက်ကနေ အဲဒီထက် ကြာမြင့်နိုင်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က အင်တာဗျူးတခုမှာ အန်နစ်စ်က ဖြေကြားခဲ့သလို ကျားဖြန့်ဂိုဏ်းထဲ သားကောင်အဖြစ် ကျရောက်ရသူတွေရဲ့ တိုင်ကြားမှုတွေဟာ လတိုင်းနီးပါး ရှိခဲ့တယ်လို့ ပြောပါတယ်။

လူကုန်ကူးမှုဖြစ်စဉ်တွေမှာ တရားမဝင် လမ်းကြောင်းတွေကို ဆက်လက်အသုံးပြုနေပေမဲ့ ခုချိန်မှာ ဒါတွေကို တရားဝင်လူဝင်မှုကြီးကြပ်ရေး လမ်းကြောင်းတွေကတဆင့် ဖြတ် သွားနေတာကို တွေ့ရတာဟာ ဒီကိစ္စတွေမှာ အစိုးရအရာရှိတွေရဲ့ ပါဝင်မှုကြောင့် ဖြစ်ကြောင်းလည်း သူက ထောက်ပြထားပါတယ်။

Source: Tempo 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013