DVB Logo
Home
မြန်မာသတင်း
ပုသိမ်ရှိ စစ်တပ်အသိုက်အဝန်းနှင့် Non CDM ဝန်ထမ်းမိသားစုများ ပြောင်းရွှေ့ရန် ပြင်ဆင်နေ
DVB
·
February 3, 2025
ပုသိမ်ရှိ စစ်တပ်အသိုက်အဝန်းနှင့် Non CDM ဝန်ထမ်းမိသားစုများ ပြောင်းရွှေ့ရန် ပြင်ဆင်နေ
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်မြို့ထဲမှာ စစ်တပ်အသိုက်အဝန်းနဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်း Non CDM မိသားစုဝင်တွေက စစ်ရှောင်ဖို့ တခြားဒေသတွေကို နေရာရွှေ့ပြောင်းတာနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာတွေ ပြုလုပ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မှာ တခြားဒေသ စစ်ရှောင်တွေ ရောက်ရှိနေသလို စစ်တပ်အသိုက်အဝန်းနဲ့ Non CDM တွေရဲ့ မိသားစုဝင်တွေက ရန်ကုန်၊ မန္တလေး အပါအဝင် တခြားသော စစ်စခန်းတွေနဲ့ဝေးတဲ့ ကျေးလက်တွေကို ရွှေ့ပြောင်းနေထိုင်တာနဲ့ ပြောင်းရွှေ့ဖို့ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ်မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပုသိမ်မှာ အခုလက်ရှိ ပြောင်းနေတာကတော့ စစ်တပ်နဲ့ပတ်သက်တဲ့ အသိုက်အဝန်းရယ် Non CDM  ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ မိသားပေါ့။ Non CDM ဝန်ထမ်းတွေကတော့ ပိုနေမြဲ ကျားနေမြဲ နေနေတယ်။ ဒါပေမဲ့ သူတို့နဲ့ပတ်သက်တဲ့သူတွေ အကုန်ပြောင်းနေတာ၊ ပုံမှန်အတိုင်း သွားနေကြတဲ့သူတွေကလည်း နောက်ကွယ်မှာ ပြောင်းဖို့ရွှေ့ဖို့ စီစဉ်နေကြတာရှိတယ်။”

လက်ရှိ ပုသိမ်မြို့မှာ ချောင်းသာ၊ ရွှေသောင်ယံ၊ ဘောမိနဲ့ ရခိုင်ဘက်ကတဲ့ စစ်ရှောင်တွေ အများအပြား ရောက်ရှိနေကြပြီး စစ်ရှောင်လာတဲ့ အခြေခံကျောင်းသားတွေ ကျောင်းတက်နိုင်ဖို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက စီစဉ်လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိ ပုသိမ်မြို့ထဲမှာ ကျောင်းနဲ့ အစိုးရရုံးတွေ ပုံမှန်လည်ပတ်နေပေမဲ့ စစ်တပ်ရဲ့ အသိုက်အဝန်းက  မိသားစုဝင်တွေက နေရာပြောင်းရွှေ့ထားတာနဲ့ Non CDM တွေလည်း ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာတွေရှိကြောင်း ပုသိမ်မြို့ ဒေသခံက ပြောပါတယ်။

“သူတို့မိသားစုဝင်တွေကို လွတ်ကင်းတဲ့နေရာ စစ်ဇုန်နဲ့ဝေးပြီး တပ်စခန်းတွေနဲ့ လွတ်တဲ့နေရာပေါ့ အဲဒီကို ရွှေ့ပြောင်းထားကြတယ်။ တချို့ Non တွေရဲ့ မိသားစုဝင်တွေပေါ့၊ Non CDM သမားတွေကတော့ ချိန်နေကြတာ၊ သူတို့အလှည့်ရောက်လာရင် သူတို့လည်း ရှောင်မယ် တိမ်းမယ်လို့ ပြင်နေကြတဲ့သူတွေ များတယ်။ ကျနော့်ပတ်ဝန်းကျင်မှာတော့ အဲဒီလိုရှိတယ်၊ နောက် တချို့အကောင်ကြီးကြီးရဲ့ မိသားစုဝင်တွေကတော့ တပ်ထဲမှာ မထားဘူး၊ မြို့ထဲမှာပဲထားတယ်။ အခုက တပ်ထဲကနေလည်း အပြင်ထွက်ခွင့်ကို ပိတ်လိုက်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်နဲ့ ကျေးရွာတွေမှာ ဝန်ထမ်းတွေအနေနဲ့ နေရာပြောင်းတာတွေအပြင် အလုပ်နဲ့ ခွင့်တောင်းတာတွေ မလုပ်ဖို့ကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြောဆိုထားကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ပုသိမ်မြို့တွင်း လုံခြုံရေးတွေ တင်းကျပ်ထားကာ ဖေဖော်ဝါရီ ၃ ရက် မနက်မှာတော့  ပလခက ဂျက်ဖိုက်တာ ၂ စင်း ပျံဝဲနေကြောင်း သတင်းအထူးတပ်ဖွဲ့ - ပုသိမ်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်က စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် ဧရာဝတီအစပ်နဲ့ ရခိုင်ရိုးမတလျှောက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013