DVB Logo
Home
မြန်မာသတင်း
စစ်တပ်တိုက်ခိုက်မှုကြောင့် ၄ နှစ်အတွင်း ချင်းပြည်သူ ၁,၀၀၀ ခန့်သေဆုံး၊ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ဦးသေဆုံး
DVB
·
February 3, 2025
စစ်တပ်တိုက်ခိုက်မှုကြောင့် ၄ နှစ်အတွင်း ချင်းပြည်သူ ၁,၀၀၀ ခန့်သေဆုံး၊ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ဦးသေဆုံး
Donate to DVB

ချင်းပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်သူ ၁,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ  ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ၄ နှစ်အတွင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တဲ့ တိုက်ပွဲတွေအတွင်း ချင်းကာကွယ်ရေးရဲဘော် ၄၇၄ ယောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းနင်းမိမှုတွေကြောင့် အရပ်သား ၄၉၁ ယောက် သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲ ကလေးငယ်နဲ့ အသက်မပြည့်သေးသူ ၆၈ ယောက်နဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၃,၄၇၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း ချင်းပြည်သူတွေဟာ အသက်ဆုံးရှုံးကြရသလို ချင်းပြည်နည်လူဦး‌ရေရဲ့ ထက်၀က်နီးပါးမှာလည်း မိမိတို့ရဲ့ အလုပ်အကိုင်၊ ပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ထားခဲ့ပြီး အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီက ၃ ရက်ဆက်တိုက် ကျေးရွာ ၄ ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၈ နှစ်အောက် ကလေး ၄ ယောက် အပါအဝင် သေဆုံးသူ ၁၀ ယောက်အထိ ရှိလာပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင်ထိ ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ကုက္ကိုလ်ရွာ စစ်ဘေးရှောင်စခန်းနဲ့ တင်သားရွာ ကျေးလက်ဆေးပေးခန်း၊ ဖေဖော်ဝါရီ ၁ ရက်က ဆည်တောရွာ စာသင်ကျောင်းနဲ့ ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းက တင်သားရွာ ရတနာမာန်အောင် ဘုန်းကြီးကျောင်းအနီးက နေအိမ်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုက္ကိုလ်ရွာ စစ်ဘေးရှောင်စခန်းက အသက် ၁၈ နှစ်အောက်အရွယ် ကလေးငယ် ၄ ယောက် အပါအဝင် အမျိုးသမီး ၈ ယောက်၊ အမျိုးသား တယောက် စုစုပေါင်း ၉ ယောက် သေဆုံးခဲ့ပြီး တင်သားရွာက ဒေသခံ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဇော်ဇော်ကတော့ လည်ပင်းမှာ ထိခိုက်ဒဏ်ရာရပြီး မ‌နေ့ညနေပိုင်းမှာ ဆုံးသွားတယ်လို့ အင်းကျွန်းရွာဒေသခံ ကိုတင်လင်းအောင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တင်သားရွာ၊ ကုက္ကိုလ်ရွာ၊ လယ်ခြားရွာ၊ ဆည်တောရွာက ဒေသခံတွေ အပါအဝင် ဒေသခံ ၂၀,၀၀၀ ကျော်ဟာ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ အင်းကျွန်းရွာကနေ တိမ်းရှောင်နေကြရတဲ့ ကုက္ကိုလ်ရွာက စစ်ဘေးရှောင်တွေ အပါအဝင် စစ်ဘေးရှောင်တွေဟာ စစ်‌ဘေးတိမ်းရှောင်ရင်း ထပ်မံတိမ်းရှောင်နေကြရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ တင်သားရွာသားတယောက်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အင်းကျွန်းရွာက စစ်ဘေးရှောင် အမျိုးသမီးတယောက်ကတော့ အတူနေထိုင်ခဲ့ကြတဲ့ ကျေးရွာသားတွေ သေဆုံးတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး ညတိုင်း ထိတ်လန့်ကြောက်ရွံ့နေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက အခုနှစ်ဆန်းပိုင်းကစတင်ပြီး ကလေးမြို့၊ တမူးမြိုနဲ့ ဂန့်ဂေါမြို့နယ်ဘက်က ကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်‌တွေရဲ့‌ လေကြောင်းသတိ‌ပေးချက်တွေကို လိုက်နာကြဖို့ ကလေးနယ်က တော်လှန်‌ရေးအင်အားစုတွေဘက်က သတိပေးထားပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်အထိ စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား ၆,၂၃၉ ယောက် သေဆုံးထားကြောင်း ‌ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013