DVB Logo
Home
နိုင်ငံတကာ
၆ ကြိမ်မြောက် UAE SWAT Challenge ပြိုင်ပွဲ ဒူဘိုင်းတွင် ကျင်းပ
DVB
·
February 3, 2025
၆ ကြိမ်မြောက် UAE SWAT Challenge ပြိုင်ပွဲ ဒူဘိုင်းတွင် ကျင်းပ
Donate to DVB

၆ ကြိမ်မြောက် အာရပ်စော်ဘွားများပြည်ထောင်စု  UAE SWAT Challenge ပွဲကို ဖေဖော်ဝါရီ ၂ ရက်က ဒူဘိုင်းမြို့မှာ ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာတဝန်းက အထူးလက်နက်တွေနဲ့ နည်းဗျူဟာ (SWAT) အဖွဲ့ပေါင်း ၁၀၀ ကျော် အပြင်းအထန် ယှဉ်ပြိုင်ခဲ့ပါတယ်။

UAE SWAT Challenge ပွဲကို SWAT challenge ကမ္ဘာ့ဖလားပွဲလို့ လူသိများပြီး အလားတူ တခြားပြိုင်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် အကြီးဆုံး အရွယ်အစားလည်း ဖြစ်ပါတယ်။

အခုနှစ်ပြိုင်ပွဲကို ဗုဒ္ဓဟူးနေ့အထိ ကျင်းပမှာပါ။ မနှစ်က ပထမဆုံးအကြိမ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီးတဲ့နောက် အခုနှစ်မှာ အဓိကစိန်ခေါ်ပွဲ ၅ ပွဲမှာ ယှဉ်ပြိုင်ဖို့ တရုတ်အသင်း ၃ သင်း စေလွှတ်ခဲ့ပါတယ်။

“ပြိုင်ပွဲက ကျနော်တို့အဖွဲ့ရဲ့ အရည်အသွေးနဲ့ ပေါင်းစပ်ညှိနှိုင်းမှုကိုသာမက ခံစစ်နည်းစနစ်တွေ အပါအဝင် ကျနော်တို့အဖွဲ့ရဲ့ ပြီးပြည့်စုံတဲ့ စွမ်းရည်ကို စမ်းသပ်ပါတယ်” လို့ တရုတ် SWAT အဖွဲ့က တိုက်ခိုက်ရေးတပ်သား စွန်းယန်လဲ့က ပြောပါတယ်။

UAE SWAT Challenge ပွဲစဉ်ကို ၂၀၁၉ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013