
အမေရိကန်ရဲ့ လူ့စွမ်းအားအရင်းအမြစ်အေဂျင်စီကို ကိုင်တွယ်ဖို့ တာဝန်ယူထားတဲ့ အီလွန်မတ်ရဲ့ လက်ထောက်တွေဟာ ကွန်ပျူတာစနစ်ကနေ ဝန်ထမ်းတွေကို ဖယ်ရှားခဲ့တယ်လို့ အေဂျင်စီအရာရှိ ၂ ဦးက ပြောပါတယ်။
ဒီကွန်ပျူတာစနစ်မှာ ပြည်နယ်ဝန်ထမ်းများရဲ့ ကိုယ်ရေးအချက်အလက် သန်းနဲ့ချီပြီး ပါဝင်ပါတယ်။
ထရမ့်ပ်သမ္မတအဖြစ် စတင်တာဝန်ယူတဲ့ အချိန် ၁၁ ရက်ကတည်းက စပြီး ပထမဆုံး ရာနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေကို အလုပ်ထုတ်မှုနဲ့ ဘေးဖယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ လုပ်ငန်းမတွင်ကျယ်တဲ့စနစ်က ဝန်ထမ်းတွေကို လျှော့ချတာက သူအတွက် ပထမအဆင့် ဖြစ်ပြီး သစ္စာရှိသူတွေကို ပိုပြီး ခန့်အပ်နေပါတယ်။
အစိုးရဝန်ထမ်း ၂ ဒသမ ၂ သန်းကို လျော့ချဖို့ ထရမ့်ပ်က အီလွန်မတ်ကို တာဝန်ပေးခဲ့ပြီး ဝန်ထမ်းခန့်ရေးစီမန်ခန့်ခွဲမှုမှာ အဖွဲ့ဝင်တွေကို ခန့်ဖို့ အမြန်ဆောင်ရွက်ခဲ့ပါတယ်။
လက်တုန့်ပြန်မှာကို ကြောက်ရတဲ့ အရာရှိ ၂ ဦးက OPM ရဲ့ စီနီယာဝန်ထမ်းအချို့ဟာ သူတို့ဌာနရဲ့ ဒေတာစနစ်အသုံးပြုခွင့် ပြန်ရုပ်သိမ်းခံထားရပါတယ်။
အဲ့ဒီစနစ်မှာ လုပ်သက်၊ လစာအဆင့်၊ လိပ်စာ၊ အကဲဖြတ်မှု၊ လူမှုဖူလုံရေးနံပါတ်၊ မွေးနေ့တို့ပါဝင်တဲ့ ကြီးမားတဲ့ ဒေတာဘေ့ပါဝင်တယ်လို့ ပြောပါတယ်။
“ကွန်ပျူတာနဲ့ ဒေတာစနစ်တွေမှာ သူတိုဘာတွေလုပ်နေလဲဆိုတာ ကျတော်တို့ မမြင်ပါဘူး။ ဒါက အရမ်းစိုးရိမ်စရာကောင်းပါတယ်။ အဲ့ဒီမှာ ကြီးကြပ်မှုလည်း မရှိပါဘူး။ ဒါက တကယ့် ဆိုက်ဘာ လုံခြုံရေးနဲ့ ဒေတာတွေ hack ဖို့ ဖန်တီးနိုင်မှာပါ” လို့ အရာရှိတဦးက ပြောပါတယ်။
Source-Reuters










