
ကလေး ၁ ဦးနဲ့ လူ ၅ ဦးကို သယ်ဆောင်လာတဲ့ လေကြောင်းအရေးပေါ် လူနာတင် လေယာဉ် တစင်းဟာ ဇန်နဝါရီ ၃၁ ရက်မှာ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပျက်ကျခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သလားဆိုတာတော့ အတည်ပြုထားတာမျိုးတော့ မရှိသေးပါဘူး။
Jet Rescue က ပျက်ကျခဲ့တဲ့ လေယာဉ်မှာ လေယာဉ် ဝန်ထမ်း ၄ ဦး၊ ကလေး လူနာ ၁ ဦးနဲ့ လူနာစောင့် ၁ ဦးတို့ ပါဝင်တယ်လို့ ပြောပါတယ်။
ဒေသမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဖီလာဒဲဖီးယား အရှေ့မြောက်မှာရှိတဲ့ ရိုဆယ်ဗယ်ဈေးအနီးမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး မြေပြင်မှာ ထိခိုက်ဒဏ်ရာရသူ တွေလည်းရှိတယ်လို့ ဆိုပါတယ်။
အနည်းဆုံး အိမ် ၁ လုံးနဲ့ ကားတွေ မီးလောင်ခဲ့ပြီး ပျက်ကျတဲ့အချိန်မှာ ရာသီဥတု အေးပြီး မိုးတွေလည်း ရွာနေတာကြောင့် မြင်ကွင်းမကောင်းဘူးလို့ ဖော်ပြပါတယ်။
လေကြောင်းအရေး ပေါ် လူနာတင်လေယာဉ်ဟာ ဖီလာဒဲဖီးယားလေဆိပ်ကနေ ထွက်ပြီး မစ်ဆူရီ မှာရှိတဲ့ လေဆိပ် မိုင် ၁၁၀၀ အကွာအဝေးကို သွားခဲ့တာဖြစ်ပါတယ်။
ရုပ်သံမှတ်တမ်းတွေအရ လေယာဉ်တံခါးနဲ့ အခြားအပျက်အစီးတွေ မြေမှာ ပြန့်ကျဲနေတာတွေ့ရပါ တယ်။
ဒီတပတ်အတွင်း အမေရိကန်ဂျက်လေယာဉ်နဲ့ စစ်တပ်ရဲ့ ဟယ်လီကော်ပတာတို့ ဝါရှင်တန်မှာ တိုက်မိခဲ့ပြီးနောက် ဒုတိယမြောက် လေယာဉ်မတော်တဆမှုဖြစ်ပါတယ်။
လေယာဉ် ၂ စင်းတိုက် မိတာကြောင့် လူ ၆၇ ဦး သေဆုံးခဲ့တာက ၂၀၀၉ ခုနှစ်နောက်ပိုင်း လေယာဉ်မတော်တဆမှုကြောင့် သေဆုံးမှု အများဆုံးပဲဖြစ်ပါတယ်။
Source-Reuters










