DVB Logo
Home
နိုင်ငံတကာ
ထိုင်းအလယ်ပိုင်းတွင် လေယာဉ်ငယ် ၁ စီးပျက်ကျ 
DVB
·
August 22, 2024
ထိုင်းအလယ်ပိုင်းတွင် လေယာဉ်ငယ် ၁ စီးပျက်ကျ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောဝ်းခရိုင်၊ ဘန်ပကုံးမြို့နယ်ထဲမှာ ဩဂုတ် ၂၂  ရက် ဒီညနေ ၃ နာရီဝန်းကျင်က လေယာဉ်ငယ် တစီး ပျက်ကျသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ညနေ ၃ နာရီ ၁၀ မိနစ်ကျော်က လေယာဉ်ငယ် တစီးဟာ မြေပြင်ကို ဦးစိုက်ဆင်း သွားတာတွေ့ပြီး ခဏအကြာ ကျယ်လောင်တဲ့ပေါက်ကွဲသံကို ကြားရတယ်လို့  မျက်မြင်တွေက သတင်းထောက်ကို ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိသွားချိန် အဆိုပါလေယာဉ်ဟာ ခေါင်ဒင်ဘုန်းကြီး ကျောင်းအနောက်ဘက် တောအုပ်ထဲက ရွှံနွံတွေထဲကျသွားတာတွေ့ကြောင်း၊ လေယာဉ်ရဲ့ အစိပ်အပိုင်းတွေဟာလည်း အဲဒီအနီးတဝိုက်မှာ ပြန့်ကြဲနေတယ်၊ သေဆုံးဒဏ်ရာရသူတွေကို ဆက်လက်ရှာဖွေနေတယ်၊ ရွှံ့နွံထဲမှာ နိုင်ငံခြားသူ အမျိုးသမီး ၃ ဦးဓာတ်ပုံနဲ့ အမျိုးသမီး အဝတ်အစား ၊ ကလေးအသုံးအဆောင်တွေပါ တွေ့ရတယ်လို့ ဆိုပါတယ်။

Thai PBS သတင်းမှာတော့ အဆိုပါလေယာဉ်ပေါ်မှာ လေယာဉ်မှူး ၂ ဦးနဲ့ လိုက်ပါစီးနင်းသူ ၇ ဦး စုစုပေါင်း ၉ ဦးပါရှိကြောင်း၊  Thai Flying Service Co.ltd ကုမ္ပဏီမှ  Cessna caravan C208 အမျိုးအစားလေယာဉ်ဖြစ်ပြီး ခရီးစဉ်အမှတ် TFT209 ဖြစ်တယ် ၊ သုဝဏ္ဏဘုမိလေဆိပ်မှ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှာ  တရတ်ခရိုင် မိုက်ချိကျွန်းသို့ဦးတည်ပျံသန်းသွားတာလို့ ဖော်ပြထားပါတယ်။  

ထိုင်းစံတော်ချိန် ညနေ ၅ နာရီခွဲထိ လေယာဉ်ထဲက ပျောက်ဆုံးသူတွေ ဆက်လက်ရှာ ဖွေနေဆဲ ဖြစ်ပါတယ် ။

Source- Thairath / ThaiPBS 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013