DVB Logo
Home
မြန်မာသတင်း
ဖရူဆို စစ်ရှောင်စခန်းများတွင် သောက်သုံးရေရှားပါးပြတ်လပ်နေ  
DVB
·
February 1, 2025
ဖရူဆို စစ်ရှောင်စခန်းများတွင် သောက်သုံးရေရှားပါးပြတ်လပ်နေ  
Donate to DVB

ကရင်နီပြည်နယ် ဖရူဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ရေမလုံလောက်တဲ့အတွက် တပတ်လျှင် တအိမ်ထောင်ကို ရေ ၅ ပုံးနှုန်း သတ်မှတ်ပြီး သုံးစွဲနေရတယ်လို့ စစ်ရှောင်နေရသူတွေက DVB ကို ပြောပါတယ်။

နွေရာသီမှာ စစ်ရှောင်စခန်းအများစုက ရေပြတ်လပ်မှုကြုံရလေ့ရှိပြီး အလှူရှင်တွေ လာလှူတဲ့ အပေါ် မူတည်ကာ ရေကို ခွဲ‌ဝေသုံးစွဲနေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တယောက်က “အခုဆိုရင် ကျမတို့နေတဲ့ဘက်မှာဆိုရင်တော့ တပတ်ကို ရေ ၅  ပုံး အကန့်အသတ်နဲ့ ခပ်ရတာမျိုးတွေရှိတယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုရင် ရေကမရှိတော့ အလှူရှင်ကနေလာပြီးတော့ ဒီရေလှောင်ကန်မှာ လာထည့်ထားတဲ့ရေကိုပဲ သုံးနေရတယ်။ ပြီးတော့မှ ဥပမာ တပတ်ကို ၅ ပုံးပေါ့နော် အဲ့လိုမျိုး အကန့်အသတ် နဲ့ ခပ်ရတာမျိုး ရှိတယ်ပေါ့နော်။ သောက်သုံးရေအတွက် အဒိက သုံးကြတယ်ပေါ့နော် ဒီရေချိုးဖို့ အ၀တ်လျှော်ဖို့ကြတော့ ဟိုးအ‌‌‌ဝေးကြီး ရေကန်ရှိတဲ့ နေရာထိ သွားပြီးတော့မှ လျှော်ရတာမျိုး ရှိတယ်ပေါ့နော်၊ ခပ်သုံးရတဲ့ရေကတော့ အဓိက စားသောက်ဖို့အတွက် သုံးကြတယ်ပေါ့နော်” လို့ ပြောပါတယ်။

ကျေးလက်မြေအဖွဲ့ကတော့ ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေသွားလှူနေတဲ့ အဖွဲ့တွေထဲက တဖွဲ့ပါ။ ရှမ်း၊ ကယားနဲ့ ကရင်နယ်စပ်တွေမှာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ရှောင်ဦးရေ တိုးလာတာဟာလည်း ရေမလုံလောက်မှုရဲ့ ပြဿနာတခုဖြစ်တယ်လို့ ကျေးလက်မြေအဖွဲ့တာ၀န်ခံ ကိုဇော်မင်းထိုက်က DVB ကို ပြောပါတယ်။

သူတို့အဖွဲ့ကတော့ နီးစပ်ရာစစ်ရှောင်စခန်းတွေကို ပုံမှန်သွားလှူနိုင်ပေမဲ့ တိုက်ပွဲတွေကြောင့် သွားလာရခက်တဲ့ လွိုင်ကော်အရှေ့ခြမ်းလို နေရာမျိုးတွေကိုတော့ အလှူရှင်တွေ မရောက်ဖြစ်ဘူး လို့ ဆိုပါတယ်။

“အခုလက်ရှိ အခြေအနေ အတိုင်းအတာမှာဆိုရင်တော့ အရင်နှစ်တွေကထက် ရေရှားပါးမှုက ပိုပြီးတော့ ကြုံတွေ့လာမှာပေါ့နော်။ အခုဆိုလို့ရှိရင် တိုက်ပွဲတွေက ကြာရှည်လာတဲ့နဲ့အမျှ နောက်ပြီး ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီကနေပြီးတော့ စစ်ကြောင်းထိုး ၀င်ရောက်လာတာတွေက များပြားလာတဲ့အတွက် ပြည်သူလူထုက ရှမ်း၊ ကယား ကရင်နယ်စပ်က သူတွေကလည်း ဘေးကင်းရာလုံခြုံရာကို သူတို့ကလာတဲ့အတွက် သူတို့မှာ ဥပမာတချို့ စစ်ဘေးရှောင်တွေက ရေချောင်းနဲ့လည်းမနီးဘူး၊ ရေတွင်းရေကန်နဲ့လည်း မနီးဘူးပေါ့။ အဲ့ဒီလိုမနီးတဲ့အတွက် သူတို့မှာ သောက်သုံးရေက အခုချိန်တိုင်း ရှားပါးပြတ်လပ်နေတာတွေလည်း ရှိပါတယ်ပေါ့နော်” လို့ ကျေးလက်မြေအဖွဲ့တာ၀န်ခံ ကိုဇော်မင်းထိုက်က ပြောပါတယ်။

ရေရှားတဲ့အတွက် ရလာတဲ့ ရေတွေကို စစ်ရှောင်တွေက ချက်ပြုတ်ဖို့နဲ့ သောက်ရေအတွက်  အဓိကထားပြီး သုံးနေကြရပါတယ်။ ချိုးရေအတွက် ရေမလောက်တဲ့အခါ လူကြီးနဲ့ ကလေးတွေမှာ အရေပြားယားနာရောဂါလို လဏ္ခာတွေလည်း လူဦးရေများတဲ့ စစ်ရှောင်စခန်းတွေမှာ တွေ့လာနေရပြီလို့ ဆိုကြပါတယ်။ 

လူဦးရေ ၃ သိန်းနီးပါးရှိတဲ့ ကရင်နီပြည်နယ်မှာ စစ်ရှောင်အရေအတွက်က ပြည်နယ်လူဦးရေရဲ့ တ၀က်နီးပါးအထိ မြင့်တက်ခဲ့ပြီး ထိုးစစ်ကြောင့် စစ်ရှောင်စခန်းကလည်း ၁၀၀ ကျော်အထိ တိုးလာနေတယ်လို့ သိရပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013