
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူတို့ဟာ ဗီယက်နမ် သမ္မတ တိုလန်းနဲ့ ဇနီးတို့ရဲ့ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မယ်လို့ စစ်အာဏာရှင် လက်အောက်ခံ နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်း စစ်အာဏာရှင်မင်းအောင်လှိုင်ဟာ ဗီယက်နမ်နိုင်ငံသမ္မတနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ ဆွေးနွေးပွဲ ကျင်းပတာ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နဲ့ ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ နဲ့ တွေ့ဆုံတာအပြင် စီးပွားရေးအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေကိုလည်း လက်ခံ တွေ့ဆုံ သွားမယ်လို့ ဆိုပါတယ်။
ခရီးစဉ်အတွင်း ၂ နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး၊ ၂ နိုင်ငံအစိုးရတွေအကြား၊ လွှတ်တော်တွေ ကြားနဲ့ ပြည်သူတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ကိစ္စတွေ၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် စစ်အဏာရှင်နဲ့အဖွဲ့ဟာ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ဖို့ရှိပြီး ဗီယက်နမ်နိုင်ငံရှိ ဒစ်ဂျစ်တယ်နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေကို သွားရောက်လေ့လာသွားဖို့လည်း ရှိပါတယ်။
ဒီခရီးစဉ်ဟာ ဘယ်နေ့ စတင်မယ်ဆိုတာ မသိရသေးပေမဲ့ စစ်အဏာရှင်ခန့် ပြည်ထောင်စုဝန်ကြီးတွေ လိုက်ပါသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ အိန္ဒိယ၊ တရုတ်နဲ့ ရုားနိုင်ငံတွေကို သွားရောက်ခဲ့သလို ထိုင်းနဲ့ လာအိုနိုင်ငံတွေကိုလည်းသွားရာက်ခဲ့ပြီး အခုတခါ ဗီယက်နမ် နိုင်ငံကိုလည်းသွားရောက်ဖို့ စီစဉ် နေတာ ဖြစ်ပါတယ်။
Photo: PPIB











