DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ် စစ်ခေါင်းဆောင် ၂ ဦး သေဆုံး
DVB
·
January 31, 2025
ဟားမတ်စ် စစ်ခေါင်းဆောင် ၂ ဦး သေဆုံး
Donate to DVB

ဟားမတ်စ်ရဲ့ လက်နက်ကိုင်အဖွဲ့ အယ်လ်ကက်ဆမ်တပ်မဟာမှ အရှောင်အတိမ်းကောင်းပြီး တွေ့မြင်ရခဲတဲ့ စစ်ခေါင်းဆောင် မိုဟာမက်ဒ်ဒေအိဖ်နဲ့ ဒုတိယစစ်ခေါင်းဆောင် မာဝမ်အစ်ဆာတို့ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ အယ်လ်ကက်ဆမ်တပ်ဖွဲ့က ဇန်နဝါရီ ၃၀ ရက်မှာ ကြေညာပါတယ်။

လိုအပ်တဲ့ စိစစ်မှုတွေ၊ သက်ဆိုင်ရာ အစီအမံတွေ ဆောင်ရွက်ပြီးနောက်မှာ အယ်လ်ကက်ဆမ် တပ်မဟာက သူတို့ရဲ့ပြည်သူတွေ၊ နိုင်ငံတော်နဲ့ ကမ္ဘာပေါ်ရှိ လွတ်လပ်မှုနဲ့ ခုခံတော်လှန်မှုတို့ကို ထောက်ခံသူတွေအားလုံးကို အယ်လ်ကက်ဆမ်ရဲ့ အထွေထွေစစ်ကောင်စီအဖွဲ့ဝင်တွေမှ အာဇာနည်အဖြစ် ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ အမည်စာရင်းကို ကြေညာလိုက်ကြောင်း ဟားမတ်စ်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အဘူအူဘေဒါက ဖတ်ကြားသွားပါတယ်။

နိုင်ငံတော်ရဲ့ အာဇာနည်ကြီးတွေအဖြစ် စစ်သေနာပတိ မိုဟာမက်ဒ်ဒေအိဖ်၊ အယ်လ်ကက်ဆမ်  တပ်မဟာရဲ့ စစ်ဦးစီးချုပ် အဘူခါလဒ်နဲ့ ဒုတိယစစ်ဦးစီးချုပ် မာဝမ်အစ်ဆာတို့ရဲ့ နာမည်တွေကို တရားဝင် မှတ်တမ်းတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အစ္စရေးစစ်တပ်က မိုဟာမက်ဒ်ဒေအိဖ်လို့ လူသိများတဲ့ အီဘရာဟင်မ် အလ်မာစ်ရီ ကို ဇူလိုင် ၁၃ ရက်က လေကြောင်းတိုက်ခိုက်မှုတခုအတွင်း သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

လတ်တလော ရက်သတ္တပတ်တွေအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဂါဇာရှိ ရာထူးနိမ့် အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဟားမတ်စ်ရဲ့ အစိုးရအပေါ် ချုပ်ကိုင်မှုကို ချိုးဖျက်ပစ်ဖို့ ထင်ရှားတဲ့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။

အစ္စရေးဟာ ဟားမတ်စ်ရဲ့ နိုင်ငံရေးအကြီးအကဲ အစ္စမိုင်ဟာနီယေးနဲ့ အောက်တိုဘာ ၇ တိုက်ခိုက်မှုကို ပုံဖော်လုပ်ဆောင်သူ ယာယျာဆင်န်ဝါ အပါအဝင် ဟားမတ်စ် ခေါင်းဆောင်ပိုင်းတွေကို ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အပြင် ဟားမတ်စ်ခေါင်းဆောင် အီဘရာဟင်မ် အလ်မာစ်ရီတို့ကို စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးမှ တရားသူကြီးများက နိုဝင်ဘာ ၂၁ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုနဲ့ အစ္စရေးစစ်တပ်က ဂါဇာမှာ လက်တုံ့ပြန်မှုတို့နဲ့ ဆက်စပ်နေတဲ့ ရာဇ၀တ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ထားကြောင်း ICC အစိုးရရှေ့နေ ကာရင်မ်ခန်းက မေလ ၂၀ ရက်မှာ ကြေညာပြီးနောက်မှာ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို အစ္စရေးက လက်ခံမှုကိုလည်း မလိုအပ်ကြောင်း ICC က ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ သည်ဟေဂ်မြို့အခြေစိုက် ICC တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို ပယ်ချခဲ့ပြီး ဂါဇာမှာ စစ်ရာဇ၀တ်မှုတွေကို ငြင်းဆိုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013