DVB Logo
Home
မြန်မာသတင်း
၇၆ ​နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ စစ်ရေးပြကွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
DVB
·
January 31, 2025
၇၆ ​နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ စစ်ရေးပြကွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
Donate to DVB

ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ ၇ နယ်မြေ၊ ကလို့ယော်လေး စစ်ရေးပြကွင်းကို ဇန်နဝါရီ ၃၁ ရက် မနက် ၇ နာရီကျော်လောက်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၇ နယ်မြေမှာ နေထိုင်တဲ့သူတွေဆီက သိရပါတယ်။

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်ရာ စစ်ရေးပြကွင်းကို အသေခံ ကာမီကာဇီ ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်တာဖြစ်ပြီး အဆောက်အအုံတချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံသတင်းရင်းမြစ်က “စစ်ရေးပြအခမ်းအနားကို လုံခြုံရေးအရ ကိုယ့်အစီအစဥ်နဲ့ကိုယ် လုပ်နေကြတာဖြစ်ပြီး လူစုလူဝေးမလုပ်တဲ့အချိန် ဒရုန်းအကြဲခံရတာ။ ထိခိုက်မှုတော့ အနည်းငယ် ရှိသွားတယ်။ အရပ်သားတယောက် သေဆုံးပြီး တယောက်ဒဏ်ရာရထားတယ်။ အ​​ဆောက်အအုံ တခုလည်း ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က လာကြဲတာလို့ ခန့်မှန်းရပြီး စစ်ရေးပြအခမ်းအနားတွေ လုပ်မယ်ထင်ပြီး အသေခံဒရုန်းနဲ့ လာကြဲတာ အားလုံးသတိရှိကြဖို့ KNU အကြီးကဲတွေက သတိပေးတာတွေ လုပ်နေပြီး အခုဗုံးကြဲခံရတဲ့နေရာဟာ ၂၀၁၉ ခုနှစ်က အနှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့တဲ့ နေရာဟောင်းဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်ကလည်း တပ်မဟာ ၇ နယ်မြေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ် အနီးနားကို ကာမီကာဇီဒရုန်း ၄ လုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013