DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် ခမရ ၃၆၉ က တပ်သားသစ် ၁ ဦး အလင်းဝင်
DVB
·
January 31, 2025
စစ်ကောင်စီတပ် ခမရ ၃၆၉ က တပ်သားသစ် ၁ ဦး အလင်းဝင်
Donate to DVB

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် တာဝန်ကျနေတဲ့ တပ်သားသစ်တယောက် ဇန်နဝါရီ ၃၀ ရက်မနက် ၁၀ နာရီဝန်းကျင်မှာ အလင်းဝင်ရောက်လာတယ်လို့ ပခုက္ကူအခြေစိုက် Earthquake People's Defense Force ဆီကနေ သိရပါတယ်။

Earthquake People's Defense Force ရဲ့ တပ်ဖွဲ့ဝင်က “စစ်တပ်က မတရားပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့ ရမည်းသင်းမြို့နယ်ထဲမှာတာဝန်ကျနေတဲ့ တပ်သားအသစ် တယောက်က ကျနော်တို့အဖွဲ့ဆီကိုချိတ်ဆက်ပြီး အလင်းဝင်လာတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ ရမည်းသင်းမြို့နယ်ထဲမှာလုံခြုံရေးတာဝန်ကျနေပြီး ဟုမ္မလလင်းမြို့နယ်အခြေစိုက် ခမရ ၃၆၉ တပ်ရင်းက အသက် ၂၅ နှစ် အရွယ် တပ်သား စည်သူထက်ဖြစ် ပါတယ်။

Earthquake People Defence Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုပိန် က“သူ့ဇာတိကတော့ ပခုက္ကူမြို့ကပါ။ ပခုက္ကူမြို့ပေါ်မှာပဲ ပေါ်တာဆွဲခံခဲ့ရပြီးတော့ ဟုမ္မလင်း ခမရ ၃၆၉ တပ်ရင်းကို အပို့ခံရတယ်။ အဲ့ဒိကနေမှ ရမည်းသင်းမြို့နယ်ထဲကို လုံခြုံရေးတာဝန်နဲ့ ထပ်အပို့ခံရတာ။ သူ့ကို ရခိုင်ဘက်ကိုစစ်ကူပို့မယ့်အဖွဲ့ထဲမှာပါမယ်ဆိုတာသိရလို့ဆိုပြီး ကျနော်တို့ဆီကို ဆက်သွယ်အလင်းဝင်လာခဲ့တာပါ။ လက်နက်ခဲယမ်းတွေတော့ ပါမလာခဲ့ဘူး။ သူ့အနေနဲ့ရှေ့ဆက်ပြီး ဘာဆက်လုပ်မယ်ဆိုတာတော့ အသေးစိတ်မ​ဆွေးနွေးရသေးပါဘူး” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စည်သူထက်ကို လုံခြုံစိတ်ချရတဲ့နေရာမှာ ထိန်းသိမ်းပေးထားတယ်လို့လည်း သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်လက်အောက်မှာ ကျန်ရှိနေကြသေးသူတွေအနေနဲ့လည်း အလင်းဝင်ရောက် လာပါက နွေးနွေးထွေးထွေးကြိုဆိုမှာဖြစ်ပြီး အသက်အန္တရာယ်အတွက်လည်း အာမခံချက် အပြည့်အဝပေးတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉ ရက်ကလည်း ပခုက္ကူမြို့မရဲစခန်းက အသက် ၃၁ နှစ်အရွယ် ရဲတပ်သား အောင်ဗိုလ်မင်း ခဲယမ်းတွေနဲ့အတူ Earthquake People Defence Force ဆီကို အလင်းဝင်ရောက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013