DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတွင် ကြေးစား နိုင်ငံခြားစစ်သားများ ကုလသမဂ္ဂထံ လက်နက်ချ
DVB
·
January 30, 2025
ကွန်ဂိုတွင် ကြေးစား နိုင်ငံခြားစစ်သားများ ကုလသမဂ္ဂထံ လက်နက်ချ
Donate to DVB

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ အရှေ့ပိုင်းရှိ အကြီးဆုံးမြို့တော် ဂိုမာကို M23 သူပုန်အဖွဲ့တွေ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတာကြောင့် ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားစစ်တပ်က ကြေးစားစစ်သားတွေဟာ ကုလသမဂ္ဂဆီ လက်နက်ချခဲ့ကြပြီးတော့ ဇန်နဝါရီ ၂၉ ရက်မှာ ဂိုမာကနေ ရဝမ်ဒါကို ဖြတ်ကျော် သွားရောက်ကြပါတယ်။

M23 စစ်ခေါင်းဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဝီလီအန်ဂိုမာက  “ဂိုမာပြည်သူတွေ အခု အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သင့်ပြီ၊ သူတို့က ပြည်သူတွေရဲ့ တပ်ဖြစ်ပြီး ပြည်သူ့လုံခြုံရေးကို အာမခံပေးမယ်” လို့ ပြောပါတယ်။

သူတို့က ငြိမ်းချမ်းရေးကို ဆောင်ယူလာပြီး သူတို့အဆင့်နဲ့ နှောင့်ယှက်မှု မရှိ၊ ခိုးမှု၊ မုဒိမ်းမှု မရှိဘူးလို့ ဆိုပါတယ်။

အခုလုပ်ရမှာက လက်နက်နဲ့ပုန်းနေတဲ့ ဓားပြတွေ အားလုံးကို ဖော်ထုတ်ဖို့ဖြစ်လို့ ဒေသခံတွေက သူတို့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးမယ်လို့ ပြောပါတယ်။

စစ်ဆင်ရေးအတွင်းမှာ M23 တိုက်ခိုက်ရေးသမားတယောက်ဟာ မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး သူ့ခေါင်းပေါ် လက်တင်ထားတဲ့ နိုင်ငံခြား ကြေးစားစစ်သားတယောက်ကို ဘယ်တော့မှ ပြန်မလာနဲ့ လို့ အော်ဟစ်နေတာကို ရိုက်တာက မြင်တွေ့ခဲ့ရပါတယ်။

ကွန်ဂိုနိုင်ငံရှိ တွတ်စီလူမျိုးတွေ အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြောင်း အခိုင်အမာ ပြောထားတဲ့ M23 သူပုန်အဖွဲ့တွေဟာ ပြင်းထန်တဲ့ တိုက်ပွဲတွေအပြီးမှာ တနင်္လာနေ့က ဂိုမာမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အင်္ဂါနေ့မှာတော့ ဂိုမာနိုင်ငံတကာလေဆိပ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဂိုမာမြို့တော်ရှိ ဆေးရုံတွေမှာ ဒဏ်ရာရသူ အယောက် ၇၆၀ ထက်မနည်းကို ကုသပေးနေရကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။

သေဆုံးသူအရေအတွက် အပြည့်အစုံကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့လည်း ဒဏ်ရာရသူ အများအပြား ဆေးရုံဆေးခန်းတွေဆီ မရောက်ရှိနိုင်ကြသေးပါဘူး။

ကုလသမဂ္ဂနဲ့ ရဝမ်ဒါ အာဏာပိုင်တွေကတော့ နိုင်ငံခြားသား ကြေးစားတွေ နယ်စပ်ဖြတ်ကျော်သွားတဲ့အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013