DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး လက်နက်နှင့် အလင်းဝင်
DVB
·
January 29, 2025
ကရင်နီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး လက်နက်နှင့် အလင်းဝင်
Donate to DVB

ကရင်နီပြည်နယ်၊ ဘောလခဲအခြေစိုက် ခမရ ၄၂၉ တပ်ရင်းကနေ တပ်သား ၄ ယောက်  ဇန်နဝါရီ ၂၉ ရက်က Loikaw Local PDF ထံ အလင်းဝင်လာပြီး ဖရူဆိုအခြေစိုက် ခမရ ၅၃၁ တပ်ကနေ အရာခံဗိုလ်တယောက် ဇန်နဝါရီ ၂၇ ရက်မှာ KNDF တပ်ဖွဲ့ဆီ အလင်းဝင်လာတယ်လို့ တပ်ရင်းတွေက ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ခမရ ၄၂၉ တပ်က တပ်သား ၄ ယောက်ဟာ စစ်မှုထမ်းအပတ်စဥ် ၃ နဲ့ ၄ မှာ စစ်သင်တန်းတက်ကာ ဘောလခဲစစ်မြေပြင်ကို ပို့ခံရသူတွေဖြစ်ပြီး စစ်ကောင်စီလက်အောက် မနေလိုတာကြောင့် အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

Loikaw Local PDF ပြန်ကြားရေးတာဝန်ရှိသူက “သေနတ်အမျိုးအစားက MA1 ပေါ့နော်၊ ကပစ သေနတ်တွေ၊ ဘောက်တွေပါတယ်၊ ကျည်တွေပါတယ်၊ နောက် လက်ပစ်ဗုံးတွေ၊ မိုင်းတွေ အစုံပါတာပေါ့နော်။ စစ်သည်တွေ အရာရှိတွေလည်း တော်လှန်ရေးအတွက် အတူတူပူးပေါင်းပြီး ပြည်သူ့ဘက်ကို ရပ်တည်ကြပါလို့၊ နွေးထွေးစွာကြိုဆိုပါမယ်” လို့ ပြောပါတယ်။

ဖရူဆို ခမရ ၅၃၁ တပ်က စစ်မှုထမ်းသက်တမ်း နှစ် ၄၀ ကျော်အထိ ရှိနေပြီဖြစ်တဲ့ အရာခံဗိုလ်တယောက်လည်း စစ်ကောင်စီအတွက် မတိုက်ခိုက်ပေးချင်တော့တဲ့အတွက် MA 3 သေနတ်တလက်နဲ့အတူ ကျည်ဘောက်တွေ၊ ကျည်တွေ ယူဆောင် အလင်းဝင်လာတယ်လို့ သိရပါတယ်။

KNDF ပြန်ကြားရေး တာဝန်ရှိသူက “ဒီရက်ပိုင်း ဆက်တိုက်အလင်းဝင်တဲ့သူတွေ ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့အသီးသီး နီးစပ်ရာတွေမှာ အလင်းဝင်ကြသူတွေ ရှိပါတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေဆီမှာ အလင်းဝင်လာသူတွေကို နေထိုင်စားသောက်ဖို့နဲ့ လုံခြုံရေးအတွက် တာဝန်ယူပြီး အလင်းဝင်လာသူတွေ ဖြစ်ချင်တဲ့ ဆန္ဒအလိုက် ဖြည့်ဆည်းပေးတာတွေ ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီတလတာ မကုန်ခင်မှာပဲ ကရင်နီက တော်လှန်ရေးအင်အားစုဆီ အလင်းဝင်လာတဲ့ အရာခံဗိုလ် အပါအဝင် တပ်ဖွဲ့ဝင် ၁၃ ယောက်အထိ ရှိနေပြီလို့ မြေပြင်စစ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013