DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်၌ တိုက်ပွဲဖြစ်  ကမမောင်းဗျူဟာကို စစ်တပ်က အင်အားအများအပြား ဖြည့်တင်း
DVB
·
January 29, 2025
ဖာပွန်ခရိုင်၌ တိုက်ပွဲဖြစ်  ကမမောင်းဗျူဟာကို စစ်တပ်က အင်အားအများအပြား ဖြည့်တင်း
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက ကတိုင်တိဗျူဟာကို စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်တပ်က ကမမောင်းဗျူဟာကိုပါ အင်အားအများအပြား ဖြည့်တင်းထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က စတင်ပြီး ဖာပွန်(မူတြော်)ခရိုင်တွင်းက စစ်ကောင်စီရဲ့ ကတိုင်တိဗျူဟာကို စွန့်ပြီး ထွက်ပြေးသွားတဲ့  စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က မြေပြင်ကနေ ခုခံကာကွယ်နေတဲ့အပြင် လေကြောင်းကနေ အပြင်းအထန် ပစ်ကူပေးကာကွယ်နေရတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ကတိုင်တိစခန်းထဲမှာ မရှိတော့ဘူး။ အပြင်မှာပဲ လိုက်ပတ်သွားနေတယ်။ တိုက်ပွဲကတော့ မငြိမ်ဘူး။ ကြိုးကြားကြိုးကြား တချိန်လုံး ဖြစ်နေတာပဲ။ လိုက်နေတာပဲ။ ဒီကောင်တွေက ကိုယ်ယောင်ပျောက်နေတယ်။ သူတို့က စခန်းကို စွန့်ပြီးတော့မှ တောထဲမှာ လိုက်ပတ်နေတာ။  ဟိုရွာနား နေလိုက် ဒီရွာနား နေလိုက်။ လေကြောင်းတိုက်ခိုက်မှုက တချိန်လုံးပဲ။ ကမမောင်းဗျူဟာတော့ သူတို့ လူသစ် တော်တော်များများလေး အင်အားဖြည့်ထားတယ်။ အဲဒီလူတွေက ကတိုင်တိကို မသွားဘူး။ ကမမောင်းအတွက် ဖြည့်ထားတာ။”

KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ကတိုင်တိကျေးရွာအပါအဝင် အနီးအနားက ‌ဒေသခံပြည်သူတွေကို ကျေးရွာကနေ ရှောင်ရှားဖို့ သတိပေးခဲ့တာကြောင့် တိမ်းရှောင် နေရပါတယ်။ 

ကတိုင်တိ၊ နတ်ကျောက်၊  ဘောထိ၊ ဘောကျိုးလယ်၊ ဘောကထ တောင်သူ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

ကမမောင်းဗျူဟာကို စစ်ကောင်စီဘက်က အင်အားဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကတိုင်တိဘက်မှာ တိုက်နေတုန်းပဲ။ အဲဒီဘက်လည်း စစ်ကောင်စီက အင်အားတော်တော်များတယ်။ ကမမောင်းဘက်ကလည်း တက်သွားတယ် ပြောတယ်။  လေကြောင်းကတော့ သွားသွားကြဲနေတယ်။ ကတိုင်တိမှာ အိမ်တွေမရှိတော့ဘူး။ ကမမောင်းမှာလည်း စစ်ကောင်စီဘက်က အင်အားဖြည့်တာရှိတယ်။ အင်အားတော့များတယ်” လို့ ပြောပါတယ်။

တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီရဲ့  ကမမောင်း၊ ဖာပွန်၊ ကတိုင်တိဗျူဟာစခန်းကြီး ၃ ခုနဲ့ ဖာပွန်မြောက်ပိုင်းက တပ်စခန်းငယ်တွေ အပါအဝင် တပ်စခန်း ၁၀ ခုကျော် ကျန်ရှိနေသေးတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ဖာပွန်-ကမမောင်းလမ်းပေါ်က စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး အထိုင်စခန်းတွေဖြစ်တဲ့ တောင်သုံးလုံးစခန်းနဲ့ ဆင်စွယ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။  

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013