
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ လေဆိပ်မှာ Airbus လေယာဉ်တစီး မီးလောင်မှုကြောင့် လူ ၁၇၆ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အင်္ဂါနေ့ညနေပိုင်းမှာ Air Busan လေယာဉ်တစီး မီးလောင်မှုဖြစ်ခဲ့ပြီး မီးဘေးကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း လူ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ဟောင်ကောင်ကိုသွားမယ့် လေယာဉ်အမြီးပိုင်းက စတင် မီးလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက မိနစ်ပိုင်းအတွင်းရောက်ခဲ့ကာ လေယာဉ်ကိုယ်ထည်တွေအထိ မီးပျံ့နှံ့မှုကို ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ရပါတယ်။
ဘူဆန်လေယာဉ်မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆိုးလ်မြို့က ဒေသခံတွေက လေယာဉ်စီးရမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဘူဆန်လေယာဉ်ဟာ ဘတ်ဂျက်လေကြောင်းအမျိုးအစားဖြစ်ပြီး လူဦးရေ ၁၆၉ ယောက်နဲ့ လေယာဉ်အမှုထမ်း ၇ ယောက် ပါဝင်ပါတယ်။
Air Busan ကို Asiana Airline က ပိုင်တာဖြစ်ပြီး မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။
ဒီအဖြစ်အပျက်ဟာ လူ ၁၇၉ ယောက် သေဆုံးခဲ့တဲ့ ဂျယ်ဂျူး လေယာဉ်ပျက်ကျမှုအပြီး တလအကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source : Reuters











