DVB Logo
Home
မြန်မာသတင်း
သာစည်မြို့နယ်၌ ကျပ်သန်း ၃,၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ 
DVB
·
January 29, 2025
သာစည်မြို့နယ်၌ ကျပ်သန်း ၃,၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ 
Donate to DVB

မန္တလေးတိုင်းထဲမှာ ၂ ရက်အတွင်း ကျပ်သန်း ၃,၄၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးနဲ့ စိတ်ပြောင်းဆေးတွေ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုဌာနက ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီမှာ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရွာနားမှာ မူဆယ်ကနေ ရန်ကုန်ကို မျိုးမင်းဦး (ခ) မဲကြီး မောင်းနှင်လာတဲ့ ကုန်တင်ကားကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါမှာ ကားရဲ့ကိုယ်ထည်အတွင်း အံဝှက်လုပ်သယ်ဆောင်လာတဲ့ ဒေသကာလတန်ဖိုး ငွေကျပ်သန်း ၂,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်းကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ရန်ကုန်တိုင်းကို သယ်ဆောင်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီကလည်း တားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၆၈ လမ်း၊ ၄၀ x ၄၁ လမ်းကြားက အသက် ၃၁ နှစ်အရွယ် ဖူရီဟွရဲ့အိမ်ကို ရှာဖွေခဲ့ပါတယ်။

နေအိမ်အိပ်ခန်းအတွင်းကနေ စိတ်ပြောင်းဆေးဝါး Happy Water ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီနေ့ ညနေ ၅ နာရီမှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၄၂ လမ်းနဲ့ ၆၇(A)လမ်းထောင့် နေအိမ်မှာ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချသူ အသက် ၂၈ နှစ်အရွယ် ဖူရှီးရံ (ခ) အားရှုန်းကို ကက်တမင်း ၃ ဒသမ ၆ ကီလို၊ Happy Water ၈ ဒသမ ၆၃၅ ကီလို၊ အက်တက်စီဆေးပြား ၄၀၊ Happy-5 ဆေးပြား ၁၅၀၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့နဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆေးတွေရဲ့ စုစုပေါင်း ဒေသကာလတန်ဖိုးဟာ ငွေကျပ်သန်းပေါင်း ၁,၄၀၀ ကျော်ရှိပြီး မန္တလေးမြို့ပေါ်ရှိ KTV၊ Bar၊ Club နဲ့ Entertainment တွေမှာ ဖြန့်ဖြူးရောင်းချမှာလို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကလည်း သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအုပ်စု၊ ယင်းမာပင်ကျေးရွာကနေ ကျွဲတပ်ဆုံကျေးရွာသွားတောလမ်းမှာ Hijet ကားတစီးကို သတင်းအရ ရှာဖွေခဲ့တာမှာ ဒေသကာလတန်ဖိုးငွေကျပ် ၉,၄၇၉ သိန်းတန်ဖိုးရှိတဲ့ Happy Water ၇ ကီလို၊ ကက်တမင်း ၉၅၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၀၀၀ ပြားနဲ့ ဘိန်းဆီခဲ ၉ ဒသမ ၃၆ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး လူ ၄ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013