DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်အမှု စုံစမ်းခဲ့သည့် ရှေ့နေများ ရာထူးက ထုတ်ပယ်ခံရ
DVB
·
January 28, 2025
ထရမ့်ပ်အမှု စုံစမ်းခဲ့သည့် ရှေ့နေများ ရာထူးက ထုတ်ပယ်ခံရ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရဖွဲ့ဟာ ထရမ့်ပ်ရဲ့ ရာဇဝတ်မှု ၂ ခုနဲ့ ပတ်သက်ပြီး အလုပ်လုပ်ဖူးတဲ့ တရားရေးဌာနက ရှေ့နေ ၁၂ ယောက်ကျော်ကို ထုတ်ပယ်ခဲ့ပါတယ်။

ထုတ်ပယ်ခံရသူတွေဟာ သမ္မတကို တရားစွဲဖူးသူတွေဖြစ်ပြီး သူတို့ကို ယုံကြည်လို့မရကြောင်း ရှေ့နေချုပ် ဂျိမ်းမက်ဟင်နရီက ပြောတယ်လို့ CBS News က ဖော်ပြပါတယ်။

အဲဒီရှေ့နေတွေဟာ ထရမ့်ပ်ရဲ့အမှုနဲ့ပတ်သက်ပြီး အထူးကောင်စီအဖွဲ့ဖြစ်တဲ့ ဂျက်စမစ်အဖွဲ့ ရှေ့နေတွေ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ ထရမ့်ပ်ရဲ့ စာရွက်စာတမ်း လိမ်လည်မှုနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲမှုတွေ ပြုလုပ်ခဲ့တာပါ။ ရှေ့နေတွေကို တနင်္လာနေ့မှာ ချက်ချင်း ထုတ်ပယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ အမှု ၂ ခုကို ကြီးကြပ်ဖို့ မစ္စတာစမစ်ကို ၂၀၂၂ ခုနှစ်မှာ အထူးကောင်စီခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ထရမ့်ပ်ကလည်း သမ္မတဖြစ်တာနဲ့ သူ့ကို ၂ မိနစ်အတွင်း ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားပြီး စမစ် ကိုယ်တိုင်က ကျန်းသစ္စာကျိန်ဆိုမှု မတိုင်မီ ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။

ထရမ့်ပ်ကို စွဲထားတဲ့ အမှု ၂ ခုစလုံးက ရာဇဝတ်မှုမြောက်တယ်လို့ ရလဒ်ထွက်ခဲ့ပြီး ထရမ့်ပ်ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒီအမှုဟာ ထရမ့်ပ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ပိတ်သိမ်းခဲ့ပါတယ်။

အစိုးရရှေ့နေတွေကတော့ လက်ရှိသမ္မတကို တရားမျှတရေး စည်းမျဉ်းတွေက ခွင့်မပြုဘူးလို့ ဖော်ပြပါတယ်။

ဒီအဖွဲ့မှာရှိတဲ့ လူတိုင်းကို အလုပ်ထုတ်ခဲ့တာ မဟုတ်ဘဲ မစ္စတာ စမစ်နဲ့ တွဲဖက်လုပ်ကိုင်သူတွေကိုသာ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာပါတဲ့ စာထဲမှာ သမ္မတကို စုံစမ်းပြီး တရားစွဲသူတွေအနေနဲ့ ဒီတာဝန်တွေ ထမ်းဆောင်ဖို့ မသင့်တော်ဘူးလို့ ပါရှိပါတယ်။

အစိုးရရှေ့နေတွေကို သူတို့ တာဝန်ပေးတဲ့ အလုပ်တွေကို လုပ်လို့ ထုတ်ပယ်တာက လက်ခံနိုင်စရာမရှိကြောင်း၊ ဒီလိုထုတ်ပယ်တာက တရားဥပဒေကို ဆန့်ကျင်တာဖြစ်ကြောင်းနဲ့ ဒီမိုကရေစီကို ဆန့်ကျင်မှုတခုလို့ ရှေ့ နေချုပ်ဟောင်း ဂျိုင်းဗန့်က ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013