DVB Logo
Home
နိုင်ငံတကာ
အော့ရှ်ဝစ်ဇ်အကျဉ်းစခန်း လွတ်မြောက်မှု နှစ် ၈၀ ပြည့် အခမ်းအနား ကျင်းပ
DVB
·
January 28, 2025
အော့ရှ်ဝစ်ဇ်အကျဉ်းစခန်း လွတ်မြောက်မှု နှစ် ၈၀ ပြည့် အခမ်းအနား ကျင်းပ
Donate to DVB

ပိုလန်နိုင်ငံက အော့ရှ်ဝစ်ဇ် (Auschwitz) အကျဉ်းစခန်းလွတ်မြောက်မှု နှစ် ၈၀ ပြည့် အခမ်းအနားကို အသက်ရှင်ကျန်ရစ်သူ ၅၆ ယောက်နဲ့အတူ နိုင်ငံ့ခေါင်းဆောင် ဒါဇင်နဲ့ချီပြီး တက်ရောက်လာခဲ့ကြပါတယ်။

အဲဒီစခန်းမှာ ဟစ်တလာရဲ့ နာဇီတပ်တွေက ဂျူးလူမျိုးအများစု အပါအဝင် လူပေါင်း ၁ ဒသမ ၁ သန်းကျော်ကို  လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာပါ။

တနင်္လာနေ့မှာ ကျင်းပသွားတဲ့ နှစ်ပတ်လည်အခမ်းအနားအတွင်း ဗြိတိန်၊ နယ်သာလန်၊ စပိန်နဲ့ ဒိန်းမတ်ရဲ့ ဘုရင်၊ မိဖုရား စတဲ့ ဥရောပတော်ဝင်မျိုးနွယ်တွေပါ လာရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

အဲဒီဖြစ်ရပ်ဆိုးကြီးထဲမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသက် ၉၉ နှစ်အရွယ် လီရွန်ဝိုင်းထရော့ဘ် ကတော့ “မတူကွဲပြားတဲ့ လူတွေအပေါ် သည်းခံစိတ်ပျောက်ဆုံးတာနဲ့ မကျေချမ်း မုန်းတီးတာမျိုး မဖြစ်အောင် သတိထား ဂရုစိုက်ကြပါ” ဆိုပြီး လူငယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

၁၉၄၁ ကနေ ၁၉၄၅ ခုနှစ်အတွင်း အော့ရှ်ဝစ်ဇ် - ဘာကန် နောင်း သုတ်သင်ရေးစခန်းမှာ ဂျူးလူမျိုး ၁ သန်းနီးပါး အပါအ၀င် ပိုလန်အကျဉ်းသား ၇၀,၀၀၀၊ ရောမလူမျိုး ၂၁,၀၀၀ နဲ့ ဆိုဗီယက် စစ်သုံ့ပန်း ၁၅,၀၀၀ အထိကို သေဆုံးစေခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၁၉၄၂ ခုနှစ်မှာ ပိုလန်နိုင်ငံကို နာဇီတွေ သိမ်းပိုက်ထားစဉ် သူတို့တည်ဆောက်ခဲ့တဲ့ စခန်း ၆ ခုထဲက တခုဖြစ်သလို ဆိုဗီယက် တပ်နီတော်ကြောင့် ပြန်လွတ်မြောက်ခဲ့တဲ့ အကြီးဆုံးစခန်းလည်း ဖြစ်ပါတယ်။

ဥရောပတိုက်မှာ “အစွန်းရောက် အင်အားစုတွေကို အစိုးရအဖွဲ့ထဲကနေ ဖယ်ကြဉ်ရေး” ဆိုတဲ့ ကာလကြာရှည် ကြိုးပမ်းမှုဟာလည်း တရားဝင် အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ဟစ်တလာကို အာဏာရစေခဲ့တဲ့ အမျိုးသားရေးဝါဒရဲ့ အဆွယ်အပွား ဖြစ်တယ်ဆိုပြီး လက်ယာယိမ်းဝါဒက ရှုမြင်ခံထားရပါတယ်။

EU အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ဖင်လန်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှားနဲ့ ချက်မှာဆိုရင် လက်ယာစွန်းပါတီတွေဟာ အစိုးရအဖွဲ့ထဲအထိ ပါဝင်နေပါတယ်။

လွန်ခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံ ၈ နိုင်ငံက စစ်တမ်းကောက်ယူချက်အရ ဟိုလိုကော့စ် (Holocaust) လိုမျိုး လူမျိုးတုံးသတ်ဖြတ်မှုတခု ထပ်ဖြစ်နိုင်တယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြတာကို တွေ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013