DVB Logo
Home
မြန်မာသတင်း
စလင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်
DVB
·
January 28, 2025
စလင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဇန်နဝါရီ ၂၆ ရက်မှာ အလင်းဝင်ရောက်လာကြတယ်လို့ ဒေါင်းစစ်အောင် (LPDF) ဆီကနေ သိရပါတယ်။

ဒေါင်းစစ်အောင် (LPDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခု အလင်းဝင်လာတဲ့သူက စလင်းမြို့နယ်ထဲက ခလရ ၂၅၃ တပ်ရင်းကနေ ထွက်ပြေးလာကြပြီးတော့ ကျနော်တို့အဖွဲ့ဆီကို အလင်းဝင်လာခဲ့ကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ အသက် ၂၅ နှစ်အရွယ် တပ်သား ကျော်ရဲလင်းနဲ့ အသက် ၂၂ အရွယ် တပ်သား နေလင်းတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ သူတို့တာဝန်ကျတဲ့ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃ တပ်ရင်းထဲကနေ ဇန်နဝါရီ ၂၄ ရက်မှာ ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်မှာ ဒေါင်းစစ်အောင် (LPDF) ဆီကို အလင်းဝင်ရောက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက “သူတို့ တပ်ရင်းကနေ ပြေးလာတဲ့ရက်နဲ့ ကျနော်တို့ဆီရောက်လာတဲ့ရက်က ကြားထဲမှာ ၁ ရက်ခြားတယ်ဗျ။ သူတို့တွေ ၂ ယောက်လုံး လက်နက်တွေပါမလာကြဘူး။ ဒါပေမဲ့ သူတို့တွေအတွက် လိုအပ်တာတွေ စီစဥ်ပေးထားပြီးတော့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားပါတယ်။ သူတို့ ဘာဆက်လုပ်ချင်တယ် ဆိုတာတော့ အေးအေးဆေးဆေး မတိုင်ပင်ရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသေးတဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့နဲ့ အလင်းဝင်ရောက်လာကြသူတွေကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုသွားမှာဖြစ်ပြီး လက်နက်ပါလာသူတွေကိုလည်း ဆုကြေးငွေတွေ ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။

စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်း နွယ်တမယ်တံတားမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ အသက် ၃၀ အရွယ် စစ်ကောင်စီတပ်ဖွဲ့ဝင် ကျော်စွာထက်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့တဲ့အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလထဲမှာတင် အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်အထိ ရှိနေပြီလို့ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013