DVB Logo
Home
မြန်မာသတင်း
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမက်ကို စစ်ခေါင်းဆောင်က ထောင်ဒဏ် ၃ နှစ်ချ
DVB
·
January 26, 2025
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမက်ကို စစ်ခေါင်းဆောင်က ထောင်ဒဏ် ၃ နှစ်ချ
Donate to DVB

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို မန္တလေး အိုးဘိုအကျဥ်းထောင် ထောင်တွင်းတရားရုံးက ဇန်နဝါရီ ၁၆ ရက်က ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်ပါတယ်။

ဒေါက်တာနေစိုးမောင်ကို စစ်ထောက်လှမ်းရေးအဖွဲ့က အိုးဘိုအကျဥ်းထောင်ထဲမှာ ၂ လ ကျော်ကြာ စစ်ဆေးပြီးနောက် ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

"အကဖ (အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့)ပုဒ်မတွေကို လျှော့ချပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ချလိုက်တာ။ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက အမှုကိုလက်ခံပြီး ထောင်တွင်းတရားရုံးက အမိန့်ချလိုက်တာ။” 

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ပြည်ကြီးတံခွန်မြို့နယ်မှာ အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးပြီး အဲ့ဒီမြို့နယ်ရဲစခန်းမှာ  ပုဒ်မ ၅၂ (က)၊ ၁၂၄-က၊ ပုဒ်မ ၅၀၅ -က၊ပုဒ်မ ၃၃ (က) တို့နဲ့ ကနဦး အမှုဖွင့်ခဲ့တာပါ။

ပုဒ်မ ၄ ခုထဲမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ်အပြစ်ပေးခဲ့ ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမက်ဖြစ်တာကြောင့် စစ်တပ်အသိုက်အဝန်းအတွင်းမှာလည်း ဝေဖန်မှုတွေ ရှိနေတယ်လို့ တပ်တွင်းသတင်း အရင်းအမြစ်တွေဆီက သိရပါတယ်။

ဒေါက်တာနေစိုးမောင်က မင်္ဂလာဒုံဆေးရုံအုပ်ကြီး အငြိမ်းစားဗိုလ်မှူးကြီးတဦးဖြစ်သလို အဖေဖြစ်သူမှာ ဗိုလ်မှူးချုပ်တင်စိန် ဖြစ်ပြီး ယောက္ခမဖြစ်သူမှာ ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း)ဗိုလ် ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ကလည်း လူမှုကွန်ရက်စာမျက်နှာပေါ် မှာ စစ်တပ်ကို ဝေဖန်ရေးသားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း အငြိမ်းစားဒုဗိုလ်မှူးကြီး ရဲထွဋ်ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဃ) နဲ့ ထောင် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013