DVB Logo
Home
နိုင်ငံတကာ
အစ္စရေးတပ်များ ဆုတ်ခွာရမည့်နောက်ဆုံးရက်ကျော်လွန်ပြီး လက်ဘနွန်တွင် ဆက်ရှိနေ
DVB
·
January 26, 2025
အစ္စရေးတပ်များ ဆုတ်ခွာရမည့်နောက်ဆုံးရက်ကျော်လွန်ပြီး လက်ဘနွန်တွင် ဆက်ရှိနေ
Donate to DVB

အစ္စရေးဟာ ဟစ်ဇ်ဘိုလာနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ သတ်မှတ်ထားတဲ့ တနင်္ဂနွေနေ့ နောက်ဆုံးသတ်မှတ်ရက်ထက်ကျော်လွန်ပြီးတော့ လက်ဘနွန်တောင်ပိုင်းမှာ သူ့တပ်ဖွဲ့တွေကို ဆက်ထားတယ်လို့ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု ရဲ့ ရုံးခန်းက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီသဘောတူညီချက်မှာ အစ္စရေးဟာ အခု တနင်္ဂနွေနေ့အပါအဝင် ရက်ပေါင်း ၆၀ အတွင်း လက်ဘနွန်ကနေ အပြီးအပြတ်ဆုတ်ခွာရမှာ ဖြစ်ပါတယ်။

နေတန်ယာဟုရဲ့ရုံးခန်းက အစ္စရေးဟာ နောက်ဆုံးသတ်မှတ်ရက်ကို မီနိုင်မှာမဟုတ်ကြောင်းနဲ့ အစ္စရေးကာကွယ်ရေးတပ်တွေဆုတ်ခွာခြင်းဟာ ဟစ်ဇ်ဘိုလာရဲ့ ‘လစ်တာနီမြစ်အလွန်ကို ဆုတ်ခွာခြင်း’ အပါအဝင် လက်ဘနွန်တောင်ပိုင်းမှာ လက်ဘနွန်စစ်တပ်က တပ်နေရာဖြန့်ချထားမှုနဲ့ သဘောတူညီချက်ကို ထိရောက်စွာလိုက်နာဆောင်ရွက်ခြင်းတွေအပေါ် ဆက်နွှယ်နေတယ်လို့လည်း ဆိုပါတယ်။ 

‘လက်ဘနွန်နိုင်ငံဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အပြည့်အဝလိုက်နာခြင်း မရှိတာကြောင့် အစ္စရေးတပ်တွေဟာတဖြည်းဖြည်း ဆုတ်ခွာသွားမယ်’ လို့ ကြေညာချက်မှာ ဖော်ပြထားပြီး နောက်ဆုံးရက်မှာ တစ်ခါတည်းအပြီးအပြတ်ဆုတ်ခွာမယ့်အစား အဆင့်ဆင့် ဆုတ်ခွာသွားမယ်လို့လည်း ဆိုပါတယ်။ 

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ နှစ်ဖက်အကြား ရန်လိုမှုတွေကိုရပ်တန့်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ 

သဘောတူညီချက်အရ လက်ဘနွန်ရဲ့တရားဝင်စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပြင် အခြေခံအဆောက်အအုံနဲ့ လက်နက်ပစ္စည်းတွေဟာ လစ်တာနီမြစ်တောင်ပိုင်းမှာ တပ်စွဲထားတဲ့ တခုတည်းသော လက်နက်ကိုင်အဖွဲ့တွေနဲ့ပစ္စည်းတွေပဲ ထားရှိမှာဖြစ်ပါတယ်။ 

ဟစ်ဇ်ဘိုလာနဲ့ လက်ဘနွန်က တခြားလက်နက်ကိုင်အဖွဲ့တွေအားလုံးဟာ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီးတော့ အစ္စရေးဟာ လက်ဘနွန်နယ်မြေအတွင်း စစ်ရေး တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ သဘောတူညီခဲ့ပါတယ်။ 

ဒါ့အပြင် ရက်ပေါင်း ၆၀ အတွင်း လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အဆင့်ဆင့်ဆုတ်ခွာသွားမှာဖြစ်ပြီးတော့ လက်ဘနွန်စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဒေသတွင်းမှာ တာဝန်ယူထားမှာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013