DVB Logo
Home
နိုင်ငံတကာ
Tie-break မဲဖြင့် ပီးဟတ်ဆတ် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဖြစ်လာ
DVB
·
January 25, 2025
Tie-break မဲဖြင့် ပီးဟတ်ဆတ် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဖြစ်လာ
Donate to DVB

ဒေါ်နယ်ထရမ့်ပ် အမည်စာရင်းတင်သွင်းထားတဲ့ ပီးဟတ်ဆတ်ကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ 

ပီးဟတ်ဆတ်ဟာ လက်မခံနိုင်စရာ အပြုအမူတွေရှိခဲ့တယ်လို့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကာကွယ်ရေးဝန်ကြီးနေရာနဲ့ လွဲချော်မဲ့ အရေးကနေ လွတ်ကင်းခဲ့တာပါ။ 

ဇန်နဝါရီ ၂၄ ရက်ည မဲပေးမှုမှာ အထက်လွှတ်တော်အမတ် မတ်ကော်နယ်အပါအဝင် ရီပတ်ဘလစ်ကန်အမတ် ၃ ယောက်က ဟတ်ဆတ်ကို မဲမပေးခဲ့ပေမဲ့ ဒုသမ္မတ ဒီဂျေဗန့်က အဆုံးအဖြတ် မဲပေးခဲ့တာဖြစ်ပါတယ်။ 

မတ်ကော်နယ်ရဲ့ အံ့အားသင့်ဖွယ် မဲမပေးမှု ကြောင့် ၅၀-၅၀ ဖြစ်နေချိန်မှာ ဒီဂျေဗန့်ရဲ့ မဲကြောင့် ဟတ်ဆတ် ကာကွယ်ရေးဝန်ကြီးဖြစ်ဖို့ သေချာခဲ့တာပါ။ 

ဟတ်ဆက်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုဖို့ ကြားနာချိန်အတွင်း သူဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်အတွက် မေးခွန်းတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရသလို မယုံကြည်ခြင်းနဲ့ အရက်သောက်မှုတွေကြောင့်လည်း သူ့ကို အတည်ပြုခန့်အပ်ဖို့ ကြန့်ကြာခဲ့တာ  ဖြစ်ပါတယ်။ 

ဟတ်ဆတ်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် လူ ၃ သန်းရှိတဲ့ ဌာနနဲ့ ဘတ်ဂျက် ဒေါ်လာ ၈၄၉ ဘီလီယံကို စီမံခန့်ခွဲရတော့မှာဖြစ်ပါတယ်။

မတ်ကော်နယ်က ဟတ်ဆတ်ဟာ လူ ၃ သန်းရှိတဲ့ ဌာနကြီး တခု၊ ဘတ်ဂျက်ငွေ အများကြီးနဲ့ ကမ္ဘာ့မဟာမိတ်တွေနဲ့ ပူပေါင်းဆောင်ရွက်ဖို့ အသင့်မဖြစ်သေးဘူးဆိုပြီး ရှင်းပြခဲ့ပါတယ်။

ဟတ်ဆတ်ကို ဝန်ကြီးဖြစ်လာတာက ဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်သူများအနက် ဒုသမ္မတရဲ့ မဲနဲ့ အတည်ဖြစ်ခဲ့မှုက ဒုတိယအကြိမ် ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်တုန်းက ပညာရေးဝန်ကြီးခန့်အပ်ဖို့ မဲပေးမှုမှာလည်း ဒုသမ္မက အဆုံးအဖြတ် မဲပေးခဲ့ရဖူးပါတယ်။ 

အသက် ၄၄ နှစ်အရွယ်ရှိ ဟတ်ဆတ်ဟာ အာဖဂန်နဲ့ အီရတ် စစ်ပြန်ဟောင်း တဦးဖြစ်ပြီး ရုပ်သံ  အစီအစဉ်တင် ဆက်သူအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ 

ဟတ်ဆက်ကို နိုင်ငံရဲ့ အကြီးဆုံးဌာနကြီးကို ဦးဆောင်စေတာနဲ့ ပတ်သက်ပြီး ဒီမိုကရက် အမတ် တွေက မေးခွန်းထုတ်ခဲ့ပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013