DVB Logo
Home
နိုင်ငံတကာ
ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှုူးနှင့် လော့အိန်ဂျလိစ်မြို့တော်ဝန်တို့ အရည်အချင်း မပြည့်ဟု ထရမ့်ပ် ဝေဖန်
DVB
·
January 25, 2025
ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှုူးနှင့် လော့အိန်ဂျလိစ်မြို့တော်ဝန်တို့ အရည်အချင်း မပြည့်ဟု ထရမ့်ပ် ဝေဖန်
Donate to DVB

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုး နူဆမ်နဲ့ လော့အိန်ဂျလိစ် မြို့တော်ဝန် ဘတ်တို့ဟာ အရည်အချင်း မရှိဘူးလို့ ထရမ့်ပ်က စွပ်စွဲခဲ့ပါတယ်။ 

ကယ်လီဖိုးနီးရားရှိ ပစိဖစ်ပါလာဆေးမှာ တောမီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ လော့အိန်ဂျလိစ် မြို့တော်ဝန်တို့ ပဋိပက္ခ ဖြစ်ပွားခဲ့တာလို့ ရိုက်တာက ဖော်ပြပါတယ်။ 

ဒေသခံတွေဟာ သူတို့ရဲ့ အိမ်တွေကို အမြန်ဆုံးပြန်ခွင့်ရရေး ပိတ်ပင်ခံထားရမှုနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြပါတယ်။

မြို့တော်ဝန်က ဒေသခံတွေရဲ့ လုံခြုံရေးက အဓိက ဦးစားပေးဖြစ်လို့ အပျက်အစီးတွေ များပြား နေတာက ဒေသခံတွေ ပြန်လာရေးအတွက် နှောင့်နှေးနေတယ်လို့ ပြောပါတယ်။ 

ထရမ့်ပ်ကတော့ ဒီလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ ထရမ့်ပ်က ကယ်လီဖိုးနီးယားတောမီးအပေါ် သက်ဆိုင်ရာပြည်နယ် အုပ်ချုပ်သူရဲ့ တုန့်ပြန်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တာဖြစ်ပါတယ်။ 

ထရမ့်ပ်က သူဟာ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှုး ဂါဗင်နူဆမ်နဲ့ အတူ တွဲပြီး မီးဘေး ဆောင်ရွက်မှာဖြစ်ကြောင်း ပြောထားပါတယ်။

နူဆမ်ဟာ ဒီမိုကရက် တယောက်ဖြစ်ပြီး ရီပတ်ဘလစ်ကန်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး တင်းမာသူဖြစ်ပါတယ်။ 

နူဆမ်ကတော့ ကယ်လီဖိုးနီးယားဟာ ထရမ့်ပ်ရဲ့ အကူအညီလိုတယ်လို့ ထုတ်ပြောထားပါတယ်။

ထရမ့်ပ်က ပြည်ထောင်စု အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီရဲ့ ဆောင်ရွက်ချက်တွေကို ပြန်လည် စစ်ဆေး သုံးသပ်တာ ဒါမှမဟုတ် ဖျက်သိမ်ထားတွေလုပ်ဖို့ အမိန့်ထုတ်မယ်လို့ ကတိပြု ထားပါတယ်။ 

သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး FEMA က အဓိက ကိုင်တွယ်တာပဲဖြစ်ပါတယ်။

ထရမ့်ပ်က “FEMA က အရမ်းကုန်ကျစရိတ်များတယ်၊ ကျတော့်အနေနဲ့ ပြောရရင် ဒီအဖွဲ့ဟာ အမြဲတမ်း အခြေအနေကို မထိန်းနိုင်ခဲ့ပါဘူး။ ကျတော်တို့မှာ လူကောင်းတွေရှိတယ်၊ ကြီးကျယ်တဲ့ လုပ်ဆောင်မှု တွေလည်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ်တိုင်းက သူတို့ရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းသင့်တယ်၊ ပြည်ထောင်စုအစိုးရဆီကနေ ငွေရတာလည်း ပါဝင်တာပေါ့၊ ဒီလို ကိုင်တွယ်နိုင်မယ်ဆိုရင် ပိုကောင်းမှာဖြစ်သလို ပိုပြီး ထိရောက်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုး နူဆမ်နဲ့ လော့အိန်ဂျလိစ် မြို့တော်ဝန် ဘတ်တို့ဟာ အရည်အချင်း မရှိဘူးလို့ ထရမ့်ပ်က စွပ်စွဲခံပြီး ကယ်လီဖိုးနီးယားကို အကူအညီပေးမှုကို ဟန့်တားဖို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013