DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ပူတင်က ကြိုးကိုင်ခြယ်လှယ်ရန် ကြိုးစားနေဟု ဇလန်းစကီး ပြော
DVB
·
January 25, 2025
ထရမ့်ပ် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ပူတင်က ကြိုးကိုင်ခြယ်လှယ်ရန် ကြိုးစားနေဟု ဇလန်းစကီး ပြော
Donate to DVB

ကရင်မလင်ခေါင်းဆောင် ဗလာဒီမာပူတင်ဟာ မော်စကိုကို တိုက်နေတဲ့ ၃ နှစ်နီးပါးကြာ ကိယက်ဗ်စစ်ပွဲအတွက် ငြိမ်းချမ်းရေးအဖြေကို ရရှိဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ အားထုတ်လုပ်ဆောင်နေမှုကို ကြိုးကိုင် ခြယ်လှယ်ဖို့ ကြိုးပမ်းနေတယ်လို့ ယူကရိန်းသမ္မတ  ဇလန်းစကီး က ဇန်နဝါရီ ၂၄ ရက် သောကြာနေ့ မှာ ပြောကြားခဲ့ပါတယ်။ 

"ရုရှားရဲ့ စစ်ရေးအလားအလာနဲ့ စစ်ပွဲကို ဆက်လက်ဆင်နွှဲပြီးတော့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကြိုးကိုင်ဖို့ ပူတင်ရဲ့ အဆင်သင့်ဖြစ်နေမှု" အကြောင်းကို ယူကရိန်းစစ်တပ် ကွပ်ကဲမှု အစည်းအဝေးမှာ နိုင်ငံခြားထောက်လှမ်းရေးဌာန အကြီးအကဲက အစီရင်ခံတင်ပြခဲ့တယ်လို့ ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။ 

“အတိအကျပြောရရင် သူက ငြိမ်းချမ်းရေးရဖို့ အမေရိကန် သမ္မတရဲ့ ဆန္ဒကို ကြိုးကိုင်ဖို့ ကြိုးစားနေတယ်လို့ ယုံကြည်ရပြီး ရုရှားရဲ့ ခြယ်လှယ်မှုတွေ အောင်မြင်မှာ မဟုတ်ဘူး။” 

ရုရှားသမ္မတ ဗလာဒီမာပူတင် ကလည်း ယူကရိန်းစစ်ပွဲနဲ့ စွမ်းအင်ဈေးနှုန်းတို့လို ကိစ္စတွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်းနဲ့ သူတို့ နှစ်ယောက် ဆုံတွေ့ဖို့အတွက် အကြံကောင်း ဖြစ်လိမ့်မယ်လို့ ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။ 

“ရုရှားဟာ အမေရိကန်အစိုးရနဲ့ အဆက်အသွယ်လုပ်ဖို့ ဘယ်တုန်းကမှ ငြင်းဆန်ခဲ့ဖူးတာ မရှိပါဘူး။ ပြီးတော့ အရင်အစိုးရလက်ထက်က ဒီအဆက်အသွယ်တွေကို ငြင်းဆိုခဲ့တာ ကျနော်တို့ အပြစ်မဟုတ်ပါဘူး” လို့ ပူတင်က ရုရှား တီဗီသတင်းထောက်ကို ပြောပါတယ်။ 

လက်ရှိ အမေရိကန်သမ္မတနဲ့ စမတ်ကျကျ လက်တွေ့ဆန်ဆန် ယုံကြည်ရတဲ့ ဆက်ဆံရေး ရှိပါတယ်လို့လည်း ဆိုပါတယ်။ သူသာ ၂၀၂၀ ခုနှစ်မှာ ရွေးကောက်ပွဲအနိုင် ခိုးယူမခံရဘဲနဲ့ သမ္မတဖြစ်ခဲ့ရင် သဘောမတူညီစရာ မရှိသလို ၂၀၂၂ ခုနှစ်မှာ ယူကရိန်းအကျပ်အတည်းက ရှိလာမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 

“ယူကရိန်းကိစ္စနဲ့ ပတ်သက်ပြီး ဒီညှိနှိုင်းမှုတွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ဆွေးနွေးမှု မပြုလုပ်ကြောင်း တားမြစ်ထားတဲ့ အမိန့်တရပ်ကို လက်မှတ်ရေးထိုးထားတာကြောင့် ယူကရိန်းနဲ့ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ မေးခွန်းတွေက ရှုပ်ထွေးနေခဲ့တယ်” လို့ ပူတင်က ပြောပါတယ်။ 

ဒါကြောင့် အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံစလုံးကို စိတ်ဝင်စားတဲ့ နယ်ပယ်အားလုံးကို အေးအေးဆေးဆေး ဆွေးနွေးဖို့ ဒီနေ့ခေတ်ကာလရဲ့ အဖြစ်မှန်တွေကို အခြေခံပြီး တွေ့ဆုံတာက ပိုကောင်းမယ်လို့ ယူဆကြောင်း ပြောပါတယ်။ 

“ကျနော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ အဓိကအားဖြင့် လက်ရှိအမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်မှုတွေပေါ်မှာ မူတည်နေပါတယ်။” 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013