DVB Logo
Home
နိုင်ငံတကာ
မိုနာကိုဗုံးခွဲမှု သံသယရှိသူ အမျိုးသမီး ၁ ဦးကို ကိယက်ဗ်မြို့အနီး သေဆုံးလျက်သား တွေ့ရှိ
DVB
·
July 8, 2026
Photo:Reuters
Photo:Reuters
Donate to DVB

မိုနာကိုနိုင်ငံမှာ ယူကရိန်းဖွား သူဌေးကြီးတယောက်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သံသယရှိတဲ့ ယူကရိန်းအမျိုးသမီးရဲ့ ရုပ်အလောင်းကို ယူကရိန်းမြို့တော် ကိယိဗ်အနီးမှာ ပြန်လည်တွေ့ရှိရ ကြောင်း ယူကရိန်း ပရာဗ်ဒါ သတင်းဌာနက ဇူလိုင် ၇ ရက်မှာ ဖော်ပြပါတယ်။

ဇူလိုင် ၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်လောက်မှာ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အသက် ၃၉ နှစ်အရွယ် အာနာစတေးစီးယား ဘယ်ရယ်ဇော့ဗ်စ်ကာ  အမည်ရှိ အဲဒီအမျိုးသမီးဟာ ဂျာမနီမှာ နောက်ဆုံးနေထိုင်ခဲ့ပြီး ဂျာမန်စကားပြောတတ်သူဖြစ်ပါတယ်။ 

မိုနာကိုအာဏာပိုင်တွေက သူ့ကို လူသတ်ရန် ကြံစည်မှု၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ ဗုံးထောင်မှု၊ မကောင်းတဲ့အကြံအစည်နဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ အလိုရှိနေတာကြောင့် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ကလည်း သူ့ကို အနီရောင်အဆင့် အရေးပေါ်ဝရမ်း ထုတ်ပြန်ထားခဲ့တာပါ။

မိုနာကို ဒုတိယအစိုးရရှေ့နေ မော်ဂန် ရေမွန်ကလည်း အမှုစစ်ဆေးချက်တွေအရ ဗုံးခွဲဖို့ ကြံစည် ခဲ့သူဟာ အသက် ၃၀ ကျော်အရွယ် ယူကရိန်းအမျိုးသမီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လို့ သူ့ကို ဖမ်းဆီးဖို့ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ဇွန် ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီဗုံးခွဲမှုကြောင့် ယူကရိန်းဖွားသူဌေးကြီး ဗာဒင်းမ် ယာမိုလိုင်ယဗ် နဲ့အတူ သူ့ရဲ့ ပါတနာနဲ့ သားဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။ 

ဗုံးခွဲခံရသူ ယာမိုလိုင်ယဗ်ဟာ ၂၀၁၉ ခုနှစ်က ဆိုက်ပရပ်စ်နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ စီးပွားရေးလုပ်ကိုင်မှုကြောင့် ၂၀၂၃ ခုနှစ်မှာ ယူကရိန်းရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရသူလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီအမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၂ ယောက်ကို ဖမ်းဆီးထားပြီးပြီလို့ သတင်းဌာနက ဆိုပါတယ်။ အဲဒီအထဲက တယောက်ဟာ ယူကရိန်း စစ်ဘက်ထောက်လှမ်းရေးဌာန (HUR) က အရာရှိတယောက် ဖြစ်ပြီး နောက်တယောက်ကတော့ ရဲတပ်ဖွဲ့ဝင်ဟောင်း တယောက် ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းရဲတပ်ဖွဲ့နဲ့ စစ်ဘက်ထောက်လှမ်းရေးဌာန (HUR) ဘက်ကတော့ တစုံတရာ မှတ်ချက်ပေးပြောကြားခြင်း မရှိသေးပါဘူး။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013