DVB Logo
Home
မြန်မာသတင်း
AA ဖမ်းထားသည့် စစ်သုံ့ပန်း ၁၀၀ နီးပါး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး
DVB
·
January 25, 2025
AA ဖမ်းထားသည့် စစ်သုံ့ပန်း ၁၀၀ နီးပါး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး
Donate to DVB

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအတွင်းမှာ AA က လက်ရဖမ်းဆီးမိခဲ့တဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုတွေ ထားရှိတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၀၀ ထက်မနည်းရှိလာပြီလို့ သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခွဲမှာ စစ်ကောင်စီက မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီး စစ်သုံ့ပန်းမိသားစုဝင်တွေ ထားရှိတဲ့နေရာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ၂၈ ယောက် သေဆုံးခဲ့ပြီး ၂၅ ယောက်  ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူဘဲ စက်တင်ဘာ ၉ ရက် ည ၉ နာရီခွဲက မောင်တောမြို့၊ (၄) မိုင် (နခခ-၂) စခန်း စစ်သုံ့ပန်းတွေ ယာယီထားရှိတဲ့နေရာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၅၀ ကျော် နေရာမှာတင် သေဆုံးခဲ့ပြီး အမြောက်အမြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက်ကလည်း ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာက စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေ ဆေးကုပေးနေတဲ့နေရာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၇ ယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရှုံးနေတာကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ ဈေးတွေ၊ ဘာသာရေးအဆောက်အုံတွေ၊ လမ်းတံတားတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ AA က ဆိုပါတယ်။

၂၀၂၅ ခုနှစ်စပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးလုပ်ဆောင်လာနေတာကြောင့် လေကြောင်းရန် အန္တရာယ်ကို အရင်ကထက် ပိုပြီးသတိထားဖို့နဲ့ အင်တာနက်၊ ဖုန်းသုံးစွဲမှုတွေကို သတိထားသုံးစွဲကြဖို့ အာရက္ခတပ်တော် (AA) က သတိပေးတိုက်တွန်းထားပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013