DVB Logo
Home
မြန်မာသတင်း
ရာဇဝတ်ကျူးလွန်သူအားလုံးကို မခွဲခြားဘဲ စစ်ဆေးမည်ဟု IIMM ပြော
DVB
·
January 25, 2025
ရာဇဝတ်ကျူးလွန်သူအားလုံးကို မခွဲခြားဘဲ စစ်ဆေးမည်ဟု IIMM ပြော
Donate to DVB

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအနေနဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုကျူးလွန်သူအားလုံးကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေးအရဆက်နွှယ်မှု တစုံတရာမခွဲခြားဘဲ စုံစမ်းစစ်ဆေးသွားမယ်လို့ ယန္တရားအကြီးအကဲက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ၅ ရက်ကြာ တရားဝင်ခရီးစဉ်အပြီးမှာ ပြောခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM) က ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပြီး ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိရေးဟာ သူတို့ နေရပ်ပြန်နိုင်ရေးနဲ့ အနာဂတ်ငြိမ်းချမ်းရေးအတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။

ယန္တရား၏ အကြီးအကဲဖြစ်သူ နီကိုလတ်စ်ခွန်ဂျန် က “လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေက ကျနော်နဲ့ စကားပြောခဲ့သူတိုင်းအတွက် အဓိကစိုးရိမ်စရာ ဖြစ်နေတယ်။ ကျနော့်အနေနဲ့ အလေးပေးပြောကြားလိုတာကတော့ ယန္တရားအနေနဲ့ ကြီးလေးတဲ့ရာဇဝတ်မှု ကျူးလွန်သူ အားလုံးကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေးအရ ဆက်နွှယ်မှု တစုံတရာမခွဲခြားဘဲ စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်။ အဲဒီအတွက် အစိုးရမဟုတ်တဲ့သူတွေက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလည်းအပါအဝင်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ခွန်ဂျန်ဟာ သူ့ရဲ့ ခရီးစဉ်မှာ အစိုးရအဆင့်မြင့်အရာရှိကြီးတွေအပြင် ကော့ဘဇားက ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်နဲ့ လူအမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးတာရဲ့ တိုးတက်မှုအခြေအနေ၊ တာဝန်ခံမှုရှိတာရဲ့ နောက်ဆုံးတိုးတက်မှုတွေနဲ့ လက်ရှိနယ်စပ်အခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး လတ်တလောမှာလည်း ရိုဟင်ဂျာထောင်ပေါင်းများစွာဟာ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေပြင်းထန်တာနဲ့ သူတို့ကြုံတွေ့နေရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ကော့ဘဇားကို ထွက်ပြေးရောက်ရှိလာကြတယ်လို့လည်း ဆိုပါတယ်။

ခွန်ဂျန်က “ကျနော်စကားပြောခဲ့တဲ့ ရိုဟင်ဂျာများကတော့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်မှုအပြီး ၇ နှစ်ခွဲ ကြာပြီးချိန်အထိတောင် အခြေအနေတွေက သူတို့ကို နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးလို့ စိတ်ပျက်ရတယ်လို့ ပြောကြပါတယ်။  ရိုဟင်ဂျာများအနေနဲ့ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိရှိ မိမိဆန္ဒအလျောက် ရေရှည်တည်တံ့မှုရှိတဲ့ နေရပ်ကိုပြန်နိုင်ရေးအတွက် အရပ်သားတွေကို ပစ်မှတ်ထားကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ပြီး အဲဒီ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိဖို့အတွက်ဆောင်ရွက်ရမှာက အရေးကြီးတဲ့အဆင့် ဖြစ်ပါတယ်။ အဲဒီအခါမှသာလျှင် ရခိုင်မှာရှိတဲ့ လူထုအသိုင်းအဝိုင်း အကုန်လုံးအတွက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်တွေက အစပြုနိုင်မှာဖြစ်တယ်” လို့ ပြောပါတယ်။

လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို နေရပ်ကနေ အတင်းအကြပ်နှင်ထုတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ စတဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ဥပ‌ဒေအရာရှိက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုပြီးတဲ့နောက် အခုလို ဘင်္ဂလား‌‌ဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား(IIMM)ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာကျုးလွန်တဲ့ အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြား နိုင်ငံတကာဥပဒေတွေ ချိုးဖောက်တာတွေအတွက် အထောက်အထားတွေစုဆောင်းဖို့နဲ့ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013