ပီရူးနိုင်ငံမြောက်ပိုင်းမှာ စက်တင်ဘာ ၁၉ ရက်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲတခုမှာ ပီရူးဒေသန္တရ ကိုယ်စားလှယ်လောင်းတယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။
“ချီနာပိုလို” လို့လည်း လူသိများတဲ့ ဆူစီအာပေါ့န်တီ ပိုလိုဟာ အောက်တိုဘာ ၄ ရက်မှာ ကျင်းပမဲ့ ဒေသန္တရနဲ့ မြို့နယ် ရွေးကောက်ပွဲတွေအတွက် ကာရာ့ဇ်၊ အန်ကတ်ရှ် မြို့မှာ မဲဆွယ်စည်းရုံးနေတုန်း မီဒီယာနဲ့ စကားပြောနေချိန် အသတ်ခံခဲ့ရတာပါ။
သားသမီး ၄ ယောက် မိခင်ဖြစ်သူရဲ့ အသုဘကို စက်တင်ဘာ ၂၁ ရက်က လီမာမြို့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
သံသယရှိသူ ဗင်နီဇွဲလား အမျိုးသား ၂ ယောက်ကို ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပီရူး ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အဆိုပါနေရာကို မူရင်းမှတ်တမ်းတွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲက အဆောက်အအုံတွေ၊ ပြတင်းပေါက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ရိုက်ကူးရာနေရာကို ရွိုက်တာစ်က အတည်ပြုနိုင်ခဲ့ပါတယ်။
ရက်စွဲကိုတော့ မူရင်းဖိုင် မက်တာဒေတာနဲ့ ပီရူးပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြည်နယ်အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ်လောင်း ဆူစီ ယစ်ဆာဘယ် အာပေါ့န်တီ ပိုလို ဒီတယ်ယို သေဆုံးမှုကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











