
အိုင်ယာလန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း မိုက်ကယ်မာတင်က ညွန့်ပေါင်းအစိုးရကို တကျော့ပြန် ဦးဆောင်မှာဖြစ်ပါတယ်။
အစောပိုင်း မဲပေးရွေးချယ်မှုမှာ ပါလီမန်အတွင်း အတိုက်အခံတွေက တသီးပုဂ္ဂလ အမတ်တွေကို စကားပြောခွင့် ပိတ်ပင်ခဲ့တာကြောင့် မာတင် အမည်စာရင်းတင်သွင်းဖို့ နောက်ကျခဲ့တာ ဖြစ်ပါတယ်။
ဒီညွန့်ပေါင်းအစိုးရအဖွဲ့ဟာ မဟာပြိုင်ဘက် ပါတီ ၂ ခုဖြစ်တဲ့ ဖိုင်းဂယ်နဲ့ ဖီနာဖေးလ်တို့ ၂ ခုကြားအထိ ပြိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။
ဒီပါတီ ၂ ခုဟာ ၁၉၃၇ ခုနှစ်ကတည်းက အိုင်ယာလန်နိုင်ငံမှာ အစိုးရဖွဲ့ခဲ့တဲ့ အကြီးဆုံး ပါတီကြီး ၂ ခု ဖြစ်ပါတယ်။
တသီးပုဂ္ဂလဝန်ကြီးတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အငယ်တန်း ညွန့်ပေါင်း ဂရင်းပါတီနေရာမှာ အစားထိုးရမှာ ဖြစ်ပါတယ်။
အသက် ၆၄ နှစ်အရွယ်ရှိ မာတင်ဟာ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူပါ။ ညွန့်ပေါင်းအစိုးရ သဘောတူညီချက်မှာ ထွက်ခွါသွားတဲ့ ဝန်ကြီးချုပ် ဆီမွန်ဟာရစ်က ၂၀၂၇ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဟားရစ်ဟာ မာတင်ရဲ့ လက်ထောက်ဝန်ကြီးချုပ်နေရာမှာ အစားထိုးရမှာဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ဆောင်ရွက်ရမှာပါ။
အိုင်ယာလန်နိုင်ငံဟာ အမေရိကန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် ပြန်တက်လာပြီးနောက် နိုင်ငံရဲ့ စီးပွားရေးကို ပိုပြီး အာရုံစိုက်လာပါတယ်။
“ဒီနေ့ ကျနော်တို့ လုပ်ရမှာက အိုင်ယာလန်ရဲ့ အားသာချက်ကို ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ပါ။ လူမူရေးလိုအပ်ချက်တွေကိုလည်း ဖြေရှင်းရမှာပါ။ ဒါက ကမ္ဘာ့သမိုင်းမှာ စိန်ခေါ်မှုတခုဖြစ်ပါတယ်” လို့ မာတင်က ဝန်ကြီးချုပ်အဖြစ် အရွေးခံရပြီးနောက် ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။
မာတင်က စီးပွားရေးကို ဥရောပ၊ အမေရိကန်၊ ဗြိတိန် စတဲ့ မရှိမဖြစ် ဆက်သွယ်ရမယ့် ၃ နေရာနဲ့ အိုင်ယာလန်ရဲ့ စီးပွားရေးကို ကာကွယ်ဖို့နဲ့ အသစ်အားကောင်းအောင် ပြန်လုပ်မယ်လို့ ဆိုပါတယ်။
Source : Reuters










