DVB Logo
Home
နိုင်ငံတကာ
ဩစတြီးယားတွင် ရွေးကောက်ပွဲအနိုင်ရပါတီ မပါဝင်ဘဲ ညွန့်ပေါင်းအစိုးရဖွဲ့စည်းမည်
DVB
·
February 28, 2025
ဩစတြီးယားတွင် ရွေးကောက်ပွဲအနိုင်ရပါတီ မပါဝင်ဘဲ ညွန့်ပေါင်းအစိုးရဖွဲ့စည်းမည်
Donate to DVB

ဩစတြီးယားနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရပါတီ FPÖ မပါဝင်ဘဲ တခြားပါတီကြီး ၃ ခုက ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း အတည်ပြုပါတယ်။

ÖVP ပြည်သူ့ပါတီ အပါအဝင် ဆိုရှယ်ဒီမိုကရက် (SPÖ) နဲ့  နီယိုစ် (Neos) စသဖြင့် နိုင်ငံရေးအမြင်မျှတတဲ့ ပါတီကြီး ၃ ခုက ရွေးကောက်ပွဲအပြီး ၁၅၁ ရက်အကြာမှာ အခုလိုမျိုး ညှိနှိုင်းဆွေးနွေးမှု အောင်မြင်ခဲ့တာပါ။

ဒါဟာ သြစတြီးယားသမိုင်းမှာ အချိန်အကြာဆုံး ဆွေးနွေးပွဲကာလဖြစ်သလို အစိုးရသစ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းမှု ၂ ကြိမ်လည်း မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့စက်တင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ လက်ယာစွန်းဝါဒီဖြစ်တဲ့ FPÖ ပါတီဟာ ၂၉ ရာခိုင်နှုန်းနဲ့ မဲအများဆုံး ရခဲ့ပေမဲ့လည်း အစိုးရဖွဲ့စည်းဖို့တော့ မလုံလောက်ခဲ့ပါဘူး။

ဒါကြောင့် ဥရောပအပေါ် သံသယရှိပြီ ရုရှားနဲ့ သင့်မြတ်တဲ့ FPÖ ပါတီခေါင်းဆောင် ဟားဘတ် ကစ်ကယ်က “အရှုံးသမားတွေ” ရဲ့ ပေါင်းစည်းမှုလို့ ဝေဖန်ကာ ရွေးကောက်ပွဲ ထပ်ကျင်းပဖို့ တောင်းဆိုလိုက်ပါတယ်။

၁၉၄၀ ပြည့်နှစ်နောက်ပိုင်း ၃ ပါတီပေါင်း ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အားလုံးရဲ့ သဘောတူညီချက် ရရှိပြီဆိုရင်တော့ နောက်တပတ်ထဲမှာတင် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း Neos ပါတီက အတည်ပြုဖို့ လိုအပ်နေသေးတာကြောင့် တနင်္ဂနွေနေ့မှာ ကျင်းပဖို့ရှိနေတဲ့ ပါတီတွင်း မဲခွဲဆုံးဖြတ်မှုကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အဲဒီအတားအဆီးကို ကျော်ဖြတ်နိုင်ပြီဆိုရင် ÖVP ပါတီခေါင်းဆောင် ခရစ္စတီယန် စတော့ကာ က ဝန်ကြီးချုပ်ဖြစ်လာမှာပါ။

ÖVP ပါတီရဲ့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ပထမဆုံးကြိုးပမ်းမှုဟာ ဇန်နဝါရီလဆန်းပိုင်းမှာ ပျက်ပြယ်ခဲ့ပြီးနောက် ဒီတခေါက် ဒုတိယအကြိမ်​အရောက်မှာ အောင်မြင်သွားခဲ့တာပါ။

အလားတူ FPÖ လွတ်လပ်ရေးပါတီဟာ သမိုင်းဝင် ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပေမဲ့ တခြားပါတီအားလုံးက လက်ယာစွန်းဝါဒီ ဟာဘတ် ကစ်ကယ်နဲ့ မဟာမိတ်ဖွဲ့ဖို့ ငြင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

လူထုစစ်တမ်းတွေအရတော့ ရွေးကောက်ပွဲအသစ်တခုမှာ FPÖ ပါတီသာ ထပ်ပြီးအနိုင်ရဖို့ရှိကြောင်း ဖော်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013