DVB Logo
Home
နိုင်ငံတကာ
ညွန့်ပေါင်းအစိုးရ ဖွဲ့ရမည်ဟု တောင်အာဖရိကသမ္မတ ပြော
DVB
·
June 7, 2024
ညွန့်ပေါင်းအစိုးရ ဖွဲ့ရမည်ဟု တောင်အာဖရိကသမ္မတ ပြော
Donate to DVB

အာဖရိကအမျိုးသားကွန်ဂရက် (ANC) ပါတီဟာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရမှာဖြစ်ကြောင်း တောင်အာဖရိကသမ္မတ စီရေးလ် ရာမာဖိုဆာက ပြောပါတယ်။

ရာမာဖိုဆာဟာ ဂျိုဟန်နက်စ်ဘတ်မြို့မှာ ပါတီရဲ့ အမှုဆောင်ကော်မတီနဲ့ ၁ နာရီကြာ ဆွေးနွေးမှုအပြီး အခုလို ပြောဆိုခဲ့တာပါ။

ANC ပါတီဟာ ဒီမိုကရေစီရပြီးနောက် ပထမဆုံးအကြိမ် လွှတ်တော်နေရာတွေမှာ မဲဆုံးရှုံးခဲ့တာ ဖြစ်ပေမဲ့ တောင်အာဖရိကမှာ အင်အားအကြီးဆုံးပါတီအဖြစ် ဆက်ပြီးရှိနေမှာ ဖြစ်ပါတယ်။

ရာမာဖိုဆာက “ကျနော်တို့နိုင်ငံ အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်တာကြောင့် အစိုးရဖွဲ့ဖို့ တခြားပါတီတွေကို ဖိတ်ခေါ်ဖို့ သဘောတူခဲ့ပါတယ်။ ဒီလို ပါတီတွေပေါင်းပြီး အစိုးရဖွဲ့တာက ပထမဆုံးဖြစ်ပြီး တောင်အာဖရိကရဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းတွေကို ပထမဆုံး ကိုင်တွယ်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ညွန့်ပေါင်းအစိုးရဟာ တောင်အာဖရိကရဲ့ ရာဇဝတ်မှုများ၊ ဆင်းရဲမှု၊ နေထိုင်စရိတ်ကြီးမြင့်မှုနဲ့ လာဘ်စားမှုများကို အဓိကကိုင်တွယ်ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။

ANC ပါတီဟာ ၁၉၉၄ ခုနှစ် နယ်ဆင်မန်ဒဲလား ဦးဆောင်တဲ့အချိန်ကစပြီး ပထမဆုံးအကြိမ် တပါတီတည်းက အစိုးရဖွဲ့စည်းခွင့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013