DVB Logo
Home
မြန်မာသတင်း
လွိုင်ကော် ခလရ ၄၂၇ တပ်ရင်းက တပ်သား ၂ ဦး KNDF ထံ အလင်းဝင်
DVB
·
January 24, 2025
လွိုင်ကော် ခလရ ၄၂၇ တပ်ရင်းက တပ်သား ၂ ဦး KNDF ထံ အလင်းဝင်
Donate to DVB

ကရင်နီပြည်နယ်၊ လွိုင်လင်လေး အခြေစိုက် ခလရ ၄၂၇ တပ်ထဲကနေ တပ်သား ၂ ယောက် ဇန်နဝါရီ ၂၃ ရက်မှာ လက်နက်သယ်ဆောင်လာပြီး KNDF တပ်ဖွဲ့ဆီ အလင်းဝင်လာတယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တပ်သား ၂ ယောက်က MA3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်အတောင့် ၄၀၀ တို့နဲ့အတူ ခလရ ၄၂၇ တပ်ရင်းကနေ ထွက်ပြေးလာတာလို့ ဆိုပါတယ်။

KNDF ပြန်ကြားရေး တာဝန်ရှိသူက “အတင်းအဓမ္မ ဖမ်းဆီးခံရသူတွေကော၊ သူတို့ရဲ့ မြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကနေ မဲပေါက်ပြီး စစ်မှုထမ်းခိုင်းတာတွေကော မျိုးစုံပါပါတယ်ပေါ့နော်။ အဲ့လို ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေကတော့ အခြေအနေမျိုးစုံပါပဲ” လို့ ပြောပါတယ်။

အလင်းဝင်လာသူ ၂ ယောက်က စစ်မှုထမ်း အပတ်စဥ် ၆ ကနေ စစ်သင်တန်းဆင်းလာသူတွေဖြစ်ပြီး ထွက်ပြေးလာတဲ့လမ်းမှာ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် KNDF က ဆေးဝါးကုသမှုတွေလည်း ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့သူတွေကို နေထိုင်စားသောက်ဖို့နဲ့ လုံခြုံရေးအတွက် တာဝန်ယူပြီး စစ်ကောင်စီလက်အောက်မှာ မတရားဖမ်းဆီးခံရသူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေး အင်အားစုတွေဆီ ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကလည်း ခလရ ၂၆၁ တပ်ရင်းကနေ တပ်သားတယောက် MA 11 သေနတ်နဲ့ ခဲယမ်းတွေကို သယ်ဆောင်ပြီး KNDF တပ်ရင်းဆီကို အလင်းဝင်လာပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြီးတဲ့နောက် မဲပေါက်သူတွေ၊ ပေါ်တာဆွဲခံရသူတွေက ကရင်နီတော်လှန်ရေးအင်အားစုတွေဆီမှာ အလင်းဝင်လာတာ အယောက် ၁၀၀ ခန့်ရှိနေပြီလို့ KNDF တပ်ဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013